Tuesday, March 31, 2009

Blog ရေးကြမယ်ဆိုရင်......

Blog ရေးနည်းပြောပေးဖို့ တောင်းဆိုတဲ့ သူတွေရော မတောင်းဆိုပဲ သိချင်သူတွေအတွက် ကျွန်တော် ကြိုးစားပြီး ရေးပေးလိုက်ပါတယ်။ Blog လုပ်နည်းတွေကတော့ အရင့်အရင် နောင်တော်ကြီးတွေ ပြောထား ရေးထားတာတွေ ရှိလို့... နောက်ပြီး ကျွန်တော့်အနေနဲ့ သူတို့ထက် ပိုကောင်းအောင်၊ ပိုပြည့်စုံအောင် ရေးမပြတတ်လို့ ရေးမပေးတော့ပါဘူး။ လေ့လာချင်ရင်  -
myanmarblogdirectory.blogspot.com, http://www.mghla.com/ etc; အစရှိတဲ့ ဘလော့တွေမှာ ရေးနည်းတွေ ပေးထားပါတယ်။ pdf စာအုပ်အဖြစ် download လုပ်လို့ရပါတယ်။
ကျွန်တော် ပြောပြချင်တာက Blog ရေးကြမယ်ဆိုရင်...... သိထားသင်တာ လေးတွေပါ။ ဒီအတိုင်း လုပ်ကို လုပ်ရမယ်လို့ မဆိုလိုပါဘူး ... လုပ်သင့်တာလေးတွေ ဆွေးနွေးပေးတဲ့ သဘောပါ။
  • ရေးရမယ့် အကြောင်းအရာ ခိုင်ခိုင်မာမာ ရှိဖို့လိုပါတယ်။ (ဥပမာ- ကဗျာဆိုလဲ ကဗျာပေါ့ဗျာ)
  • ပိုစ့်ကို မှန်မှန်လေး တင်နိုင်ဖို့လိုပါတယ်။ (တစ်ပါတ် တစ်ခုလောက် ဖြစ်ဖြစ်ပေါ့)
  • ပိုစ့်တင်ရာမှာ ကိုယ်နဲ့ ဆိုင်တာမျိုးမဟုတ်ပဲ အများနဲ့ ဆိုင်တာမျိုးလေးတွေ ရွေးပြီး တင်နိုင်ရင် ပိုကောင်းပါတယ်။
  • တတ်နိုင်သမျှ အချက်အလက် မှန်ကန်အောင် ဂရုစိုက်သင့်ပါတယ်။ (ကျွန်တော့် Blog မှာဆိုရင် တတ်နိုင်သမျှ ပေးထားတဲ့ Download လုပ်ဖို့ software တွေရဲ့ အချက်အလက်တွေ လင့်တွေကို ယူချင်တဲ့ သူတွေ အဆက်ပြေအောင် ဂရုတစိုက်နဲ့ ပေးပါတယ်)
  • သူများ သိထားပြီးသားမျိုး နောက်ကျပြီးမှ တင်တာ ကိစ္စမရှိပေမယ့် အဲလို ဖြစ်ဖန်များရင် ကိုယ့်စီလာတဲ့သူ နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အချိန်နဲ့ တပြေးညီ ဖြစ်ဖို့လဲ လိုပါတယ်။
  • အရေးအသား ကောင်းရင်ကောင်းသလို လူစိတ်ဝင်စားလာမှာ ဖြစ်ပေမယ့် အကြောင်းအရာ ကလဲ အရေးကြီးပါတယ်။ လူအလွယ်တကူ စိတ်ဝင်စားမဲ့ အကြောင်းမျိုးဆိုရင် အရေးအသား မကောင်းလဲ ကိစ္စမရှိဘူး ထင်ပါတယ်။
  • အရေးကြီးတာက သူများ ရေးထားတာကို ကူးချတာမျိုး မလုပ်ဖို့ပါပဲ။ မှီငြမ်း ကိုးကားရင်တော့ ရပါတယ်။ သို့မဟုတ် ပိုပြီး ပြည့်စုံကောင်းမွန်အောင် ရေးနိုင်တယ်ဆိုရင်လဲ အကြောင်းအရာ တူပေမယ့် ဖတ်တဲ့သူတွေ ပိုအကျိုးရှိလို့ ရေးသင့်ပါတယ်။
  • ကိုယ့်ကြောင့် သူတပါးထိခိုက် နစ်နာစေမယ့် ပိုစ့်မျိုးကိုလဲ မရေးသင့်ပါဘူး။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ စေတနာထားပြီး ကိုယ့် Blog ကို ၀င်ကြည့်တဲ့ သူတွေအတွက် တစ်ခုခု အကျိုးရှိအောင် ရေးကြဖို့ အကြံပြု တိုက်တွန်းချင်ပါတယ်။
(Blog နဲ့ပါတ်သက်ပြီး လုပ်ချင်တာလေးတွေ မလုပ်တတ်ရင် ကျွန်တော့်ဆီ မေးလ်ပို့ပြီး မေးနိုင်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေပေးပါမယ်။)

Monday, March 30, 2009

Xilisoft Video Converter Ultimate with Keygen

ဗီဒီယိုဖိုင်များကို format အမျိုးမျိုး ပြောင်းပြီး သုံးချင်ရင်တော့ Xilisoft Video Converter Ultimate က အားကိုးအားထား ပြုလောက်ပါတယ်။ သင့်ကိုယ်ပိုင် MP4, ipod, MP3 player...etc တွေ အမျိုးမျိုးအတွက် Xilisoft Video Converter Ultimate က အဆင်ပြေအောင် ပြောင်းပေးနိုင်ပါလိမ့်မယ်။ တစ်ခုပဲ ပြောစရာရှိတာက Vedio CD အခွေကို Drive ထဲထည့်ပြီး တိုက်ရိုက် ပြောင်းလို့မရပါဘူး။ Nero vision ကဲ့သို့ ဆော့ဖ်ဝဲမျိုးသုံးပြီး စက်ထဲကို အရင် mpeg format (သို့) avi အဖြစ် import လုပ်ထားပြီးမှ အဲဒီဖိုင်ကို ကိုယ့် player နဲ့ကိုက်တဲ့ format အဖြစ် Xilisoft Video Converter Ultimate သုံးပြီး ပြောင်းရပါမယ်။ အသုံးပြုနည်း လေ့လာချင်ရင်တော့ ဒီနေရာကို သွားလိုက်ပါ။
(Click here to download Xilisoft Video Converter)
(Click here to download keygen)
(*Keygen ဖိုင်ကို အသုံးပြုရင် anti-virus နဲ့ မငြိအောင် သတိပြုပါ)
  • Convert video of all popular formats with HD video conversion supported
  • Convert among audios like MP3, WMA, WAV, AAC and so on
  • Convert video to iPod, iPhone, PSP, PS3, Xbox, mobile phone, MP4 players
  • Edit video, clip, merge, split, add watermark and special effec

Thursday, March 26, 2009

သင့် PC အတွက် Alarm Clock 1.0

နေ့စဉ် ပုံမှန် အချိန် အတိအကျ လုပ်ရမယ့် လုပ်စရာတွေအတွက် အချိန်ကို ရောက်ရင် အချက်ပေးဖို့ တနေ့ချင်းစီအလိုက် တပါတ်စာ အချိန်သတ်မှတ် ပေးထားလို့ရတဲ့ Alarm clock 1.0 ကို အသုံးပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ freeware ဖြစ်လို့ လိုင်စင်မလိုပဲ အပြည့်အ၀ သုံးနိုင်ပါတယ်။
It's an alarm clock for your PC, with a total of eight alarms--one for each day of the week, as well as an additional one-time alarm for use at any time. You can use the built-in sound (very obnoxious) or you can even have it play MP3s.

Wednesday, March 25, 2009

Autodesk_AutoCAD 2010

Computer-aided design software Autodesk AutoCAD latest version 2010 သုံးချင်သူတွေအတွက် download လုပ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ Auto CAD 2010 မှာ ဘာတွေ အသစ် ပါဝင်လဲဆိုတာသိချင်ရင် What's News ကို သွားကြည့်လိုက်ပါ။ Download လုပ်ရမယ့် အပိုင်း 26ခုရှိတဲ့အတွက် ဇွဲကောင်းဖို့တော့ လိုမယ်ထင်ပါတယ်။ အားလုံး Download လုပ်ပြီးသွားရင် RAR ဖိုင်တွေဖြည်ပြီး burn လုပ်ရပါမယ်။ သို့မဟုတ် image ကို mount လုပ်ရမယ်လို့ ဆိုပါတယ်။ ပြီးသွားရင် Start set up & install လုပ်ငန်းစဉ်များ လုပ်လို့ရပါပြီ။ CYGiSOreadme.txt ဖိုင်မှာ ပါဝင်တဲ့အတိုင်း ဆက်လုပ် သွားရပါမယ်။
Download links:
http://www.easy-share.com/1904164312/cyg-acad_www.dl4all.com.r00
http://www.easy-share.com/1904164311/cyg-acad_www.dl4all.com.r01
http://www.easy-share.com/1904164307/cyg-acad_www.dl4all.com.r02
http://www.easy-share.com/1904164310/cyg-acad_www.dl4all.com.r03
http://www.easy-share.com/1904164309/cyg-acad_www.dl4all.com.r04
http://www.easy-share.com/1904164308/cyg-acad_www.dl4all.com.r05
http://www.easy-share.com/1904164305/cyg-acad_www.dl4all.com.r06
http://www.easy-share.com/1904164306/cyg-acad_www.dl4all.com.r07
http://www.easy-share.com/1904164304/cyg-acad_www.dl4all.com.r08
http://www.easy-share.com/1904164303/cyg-acad_www.dl4all.com.r09
http://www.easy-share.com/1904164300/cyg-acad_www.dl4all.com.r10
http://www.easy-share.com/1904164299/cyg-acad_www.dl4all.com.r11
http://www.easy-share.com/1904164301/cyg-acad_www.dl4all.com.r12
http://www.easy-share.com/1904164298/cyg-acad_www.dl4all.com.r13
http://www.easy-share.com/1904164296/cyg-acad_www.dl4all.com.r14
http://www.easy-share.com/1904164291/cyg-acad_www.dl4all.com.r15
http://www.easy-share.com/1904164294/cyg-acad_www.dl4all.com.r16
http://www.easy-share.com/1904164290/cyg-acad_www.dl4all.com.r17
http://www.easy-share.com/1904164292/cyg-acad_www.dl4all.com.r18
http://www.easy-share.com/1904164289/cyg-acad_www.dl4all.com.r19
http://www.easy-share.com/1904164288/cyg-acad_www.dl4all.com.r20
http://www.easy-share.com/1904164286/cyg-acad_www.dl4all.com.r21
http://www.easy-share.com/1904164287/cyg-acad_www.dl4all.com.r22
http://www.easy-share.com/1904164283/cyg-acad_www.dl4all.com.r23
http://www.easy-share.com/1904164282/cyg-acad_www.dl4all.com.r24
http://www.easy-share.com/1904164281/cyg-acad_www.dl4all.com.r25
http://www.easy-share.com/1904164278/cyg-acad_www.dl4all.com.r26

System Requirements

For 32-bit AutoCAD 2010
  • Microsoft® Windows® XP Professional or Home edition (SP2 or later)
  • Intel® Pentium® 4 or AMD Athlon® dual-core processor, 1.6 GHz or higher with SSE2 technology
  • 2 GB RAM
  • 1 GB free disk space for installation
  • 1,024 x 768 VGA display with true color
  • Microsoft® Internet Explorer® 7.0 or later 
  • Install from download, DVD, or CD
or
  • Microsoft® Windows Vista® (SP1 or later) including Enterprise, Business, Ultimate, or Home Premium edition (compare Windows Vista versions)
  • Intel Pentium 4 or AMD Athlon dual-core processor, 3 GHz or higher with SSE2 technology
  • 2 GB RAM
  • 1 GB free disk space for installation
  • 1,024 x 768 VGA display with true color
  • Internet Explorer 7.0 or later 
  • Install from download, DVD, or CD
For 64-bit AutoCAD 2010
  • Windows XP Professional x64 edition (SP2 or later) or Windows Vista (SP1 or later) including Enterprise, Business, Ultimate, or Home Premium edition (compare Windows Vista versions)
  • AMD Athlon 64 with SSE2 technology, or AMD Opteron® processor with SSE2 technology, or Intel® Xeon® processor with Intel EM64T support and SSE2 technology, or Intel Pentium 4 with Intel EM64T support and SSE2 technology
  • 2 GB RAM
  • 1.5 GB free space for installation
  • 1,024 x 768 VGA display with true color
  • Internet Explorer 7.0 or later 
  • Install from download, DVD, or CD
Additional Requirements for 3D Modeling (All Configurations)
  • Intel Pentium 4 processor or AMD Athlon, 3 GHz or higher; Intel or AMD dual-core processor, 2 GHz or higher
  • 2 GB RAM or greater
  • 2 GB hard disk space available in addition to free space required for installation
  • 1,280 x 1,024 32-bit color video display adapter (true color) 128 MB or greater, Microsoft® Direct3D® capable workstation class graphics card

Tuesday, March 24, 2009

Windows XP Genuine လုပ်ချင်ရင်

Windows XP Genuine version အဖြစ်သုံးချင်ရင် crack လုပ်နည်းမျိုးစုံ ရှိတဲ့အထဲက အလွယ်ကူ အရှင်းလင်းဆုံး နည်းတစ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာ ပေးထားတဲ့အတိုင်း လုပ်ကြည့်လိုက်ပါ။ ဒီနည်းလေးက 2007ခုနှစ်ကနေ ခုချိန်ထိ အလုပ်ဖြစ်နေသေးတာ တွေ့ရလို့ လုပ်ကြည့်နိုင်ဖို့ ဖော်ပြ ပေးလိုက်တာပါ။ ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်တာ အဆင်ပြေပါတယ်။ အဲဒီအတိုင်းလုပ်ပြီး MS download center ကနေ Windows Defender ကို Microsoft Genuine validation ဖြတ်ကျော် အစစ်ဆေးခံပြီး download လုပ်ကြည့်တာ ရပါတယ်။ ကဲ စမ်းကြည့်မယ် ဆိုရင်ဖြင့် ........

  1. Start
  2. run
  3. regedit
  4. HKEY_LOCAL_MACHINE
  5. SOFTWARE
  6. Microsoft
  7. Windows NT
  8. Current Version
  9. WPAEvents
  10. Double click OOBETimer
  11. Select all and delete
  12. FF D5 71 D6 8B 6A 8D 6F D5 33 93 FD (ဖျက်လိုက်သောနေရာတွင် ရိုက်ထည့်ရန်)
  13. Right click on WPAEvents
  14. Permissions
  15. System
  16. Deny Full Control (ရွေးပေးရန်)
  17. Apply
  18. Yes
  19. OK
  20. Done!

Blogger: Content Warning ကို ကျော်ချင်ရင်

တချို့သော Blogger site များမှာ Content Warning များ ထည့်သွင်း ထားတာ ရှိတတ်ပါတယ်။ တခါတလေ ကိုယ်က အရေးကြီးလို့ ပဲဖြစ်ဖြစ်၊ မကြိုက်လို့ပဲ ဖြစ်ဖြစ် အမြန်ဝင် ကြည့်ချင်တဲ့အခါမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ Connection နှေးတာနဲ့ ဒီ content warning ကို ဖြတ်နေရတာနဲ့ တော်တော်နဲ့ကို ကြည့်လို့ မရပဲ စောင့်နေရ တတ်ပါတယ်။ ဒီလိုအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်း ရှာဖွေဖော်ပြ ပေးလိုက်ပါတယ်။
  • ပထမဆုံး ပြောချင်တာကတော့ ခုလို ကျော်ဖို့အတွက် Mozilla Firefox browser ကို သုံးရမှာ ဖြစ်ပါတယ်။ တခြား browser များမရပါဘူး။ ဘာကြောင့်လဲဆိုတော့ Firefox add-on တစ်ခုဖြစ်တဲ့ Greasemonkey (click link to install add-on)ကို သွင်းရပါမယ်။ (ပြီးသွားရင် Firefox ကို restart လုပ်ဖို့ message မြင်ရရင် firefox ကို restart လုပ်ပေးလိုက်ပါ) Firefox ရဲ့ ညာဖက် အောက်ထောင့်မှာ မျောက်ပုံလေး ပေါ်နေတာ တွေ့ရပါမယ်။
  • သွင်းပြီးသွားရင် Blogger content warning auto skip II ကို ဆက်သွင်းဖို့ ဒီနေရာကို Click လုပ်ပါ။ အလိုလိုသွင်းပေးပါလိမ့်မယ်။ Blogger Content Warning Auto skip II has been installed successfully ဆိုတဲ့ စာတမ်းလေးကို မျောက်ပုံလေး ဘေးက Status bar မှာ ပေါ်လာတာ တွေ့ရပါမယ်။ ဒါဆိုရင် ရပါပြီ။
  • အဆင်ပြေ မပြေ စမ်းကြည့်လိုက်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်ဆီ ရောက်လာလေ့ရှိတဲ့ ညီလေး လင်းကြယ်ဖြူရဲ့ Blog ကို စမ်းကြည့်တာ အဆင်ပြေပါတယ်။ Content warning ကို ဖြတ်စရာ မလိုတော့ပဲ တန်းပြီး ရောက်သွားပါတယ်။ တစ်ခု ပြောစရာရှိတာက http://............blogspot.com လိပ်စာတွေပဲ ကျော်လို့ရပြီး http://www.............co.cc နဲ့ဆိုရင်တော့ မရပါဘူး။

မလိုလားအပ်တဲ့ malware တွေ ရှင်းပေးမယ့် Trojan Killer v 2.0

အင်တာနက် ချိတ်ဆက် အသုံးပြုတဲ့ ကွန်ပျူတာများမှာ မလွဲမသွေ ကြုံတွေ့နေရတဲ့ အဖျက် malware များဖြစ်တဲ့ spyware, adware, malicious programs etc: ... များရဲ့ ရန်ကနေ ကာကွယ် ရှင်းလင်း ပေးမယ့် Trojan Killer ကို Download လုပ်နိုင်ဖို့ ဖော်ပြပေးလိုက် ပါတယ်။



Download: 6.31 Mb

ကွန်ပျူတာပြဿနာ အဖြေရှာ (၂) : Windows XP (Live CD)

မိမိရဲ့ စက်မှ Windows မတက်တဲ့ ပြဿနာမျိုး မကြာခဏ ကြုံရ တတ်ပါတယ်။ အဲလိုအခါမျိုးမှာ ဘာလုပ်သင့်သလဲ????? ပြင်ဖို့ ဆိုင်ပို့မလား။ အဲလိုဆိုရင်တော့ ကွန်ပျူတာပြဿနာ အဖြေရှာ (၁) မှာ  ကျွန်တော် ပြောခဲ့သလို အချိန်ကုန်ပါမယ်။ လုပ်လက်စ အလုပ်တွေကို ရပ်ထားရပါမယ်။ အဲဒီတော့ဗျာ ကိုယ် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား လုပ်သင့်တယ် ထင်ပါတယ်။  Windows မတတ်ရင် လုပ်ရမယ့် နည်းပေါင်း အမြောက်အများ ရှိပါတယ်။ အဲဒီထဲကမှ သာမန် user များ အလွယ်တကူ လုပ်နိုင်တဲ့ နည်းကတော့ windows ကို CD ဖြင့် တတ်ခြင်းပဲဖြစ်ပါတယ်။ ခုဖော်ပြထားတဲ့ live CD ထဲမှာ ဆော့ဖ်ဝဲပေါင်းစုံ အသင့် ထည့်ပေးထားပါတယ်။ အဲဒီဆော့ဖ်ဝဲတွေကို အသုံးချပြီး ဖိုင်တွေ ပြန်သိမ်းတာ တခြားစက်ကို ပြောင်းသုံးနိုင်ဖို့ ရွှေ့တာ ကိုယ်လုပ်ချင်တာ လုပ်လို့ရသလို ဗိုင်းရပ်စ်ကြောင့် Windows မတတ်တာမျိုး ဆိုရင်လဲ ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေး ဖြေရှင်းတာတွေ လုပ်နိုင်ပါတယ်။ ဒီအခွေမှာ ထူးခြားတာ တခုကတော့ ပါဝင်တဲ့ Antivir Personial Edition v.8 ကို update လုပ်လို့ရတယ်လို့ ဆိုပါတယ်။
ကိုယ့်စက် ဗိုင်းရပ်စ် အကိုက်ခံရလို့ Live CD သုံးပြီး ဖိုင်တွေကို တခြားစက်ကို ခဏရွှေ့ထားမယ် ဆိုရင်တော့ သတိထားရမယ့် အချက်တစ်ခု ရွှေ့ထားမယ့် စက်မှာ Anti-Virus ကောင်းကောင်း ရှိဖို့လိုပြီး အဲဒီစက်ထဲကိုပါ ဗိုင်းရပ်စ် ကူးမသွားဖို့ ဂရုစိုက်ရပါမယ်။ အရေးကြီးဖိုင်တွေ ရွှေ့ပြီးရင်တော့ Windows ပြန်တင်မလား၊ Repair လုပ်မလား ကြိုက်တာကို ရဲရဲလုပ်နိုင်ပြီပေါ့ဗျာ။ Live CD ကို သုံးပြီး ကွန်ပျူတာ ပြဿနာတွေ ဖြေရှင်းနိုင်ပါစေ ......
Download links:
http://rapidshare.com/files/212388494/XPEPOPU_www.dl4all.com.iso.001
http://rapidshare.com/files/212389788/XPEPOPU_www.dl4all.com.iso.002
http://rapidshare.com/files/212389994/XPEPOPU_www.dl4all.com.iso.003
http://rapidshare.com/files/212390525/XPEPOPU_www.dl4all.com.iso.004
http://rapidshare.com/files/212391555/XPEPOPU_www.dl4all.com.iso.005
http://rapidshare.com/files/212392103/XPEPOPU_www.dl4all.com.iso.006
http://rapidshare.com/files/212398467/XPEPOPU_www.dl4all.com.iso.007
http://rapidshare.com/files/212398458/XPEPOPU_www.dl4all.com.iso.008
http://rapidshare.com/files/212399158/XPEPOPU_www.dl4all.com.iso.009
http://rapidshare.com/files/212399371/XPEPOPU_www.dl4all.com.iso.010
http://rapidshare.com/files/212399815/XPEPOPU_www.dl4all.com.iso.011
http://rapidshare.com/files/212399691/XPEPOPU_www.dl4all.com.iso.012
အပေါ်က ပေးထားတဲ့ အပိုင်းတွေကို တပေါင်းတည်း ပြန်ဆက်ဖို့ -
Use FFSJ to join the files
Rescue CD has 666 MB of storage (good number) for you to use the computer now .. left cold. Categories Rescue CD you sure this is strange what you should not introduce more.

Special point of this CD is the software Antivir virus can be update.
ပါဝင်တဲ့ ဆော့ဖ်ဝဲများကတော့ -
Details of soft integration :
* Anti Spyware
AdawareSe
CWShredder
EzPcFix
Hijackthis
Killbox
Rootkitty
WinSockFix

* Anti Virus
Antivir Personial Edition v.8
Avast
Stinger

* Applications
irfanview
notepad++
PDFReader
PicoCrypt
UniKey

* CDBurning
ExpressBurn
ImgBurn
nero8v1.3

* Data Compression
7-zip
UniversalExtractor
WinRAR

* Data Recovery
ActiveUndelete
ADRC.DataRecovery
autobackup
CDRecovery
easyrecovery
filerecovery
FINALDATA
FloppyRepair
GETDATABACK
HandyRecovery
PCInspectorFileRecovery
PowerDataRecoveryPro
RecoveryManager
Recuva

* Data Removal
CCleaner
diskwipe
DriveEraser
Eraser
IDSuite

* File Management
AgentRansack
FFSJ
freeCommander
explore2fs
R-Linux
PowerDeskPro
SpaceMonger
totalcmd
windirstat
xplorer2

* GAMES
Arcade!
SameGame
xpgames

* Hard Drive Tools
AusLogics
Defraggler
bst5
DiskCheck
diskchkup
HDTune
h2testw
windlg
FIXIDE
NortonDiskDoctor
PartitionTableDoctor
PMagic8

* ISO Tools
MagicISO
UltraISO
WinImage

* NETWORK
bartpe
ftpserver3lite
ipscan
ipsniffer
LanMon
mstsc
netstumbler
Nicspeed
penetcfg
pppoe
putty
RadminViewer
ultravnc
VNCServer
vncviewer
wakeonlan

* PASSWORD
cmos
NTPWEdit
passwordspro
renew
saminside

* REGISTRY
DialAFix
erunt
regbrws
regcleaner
RegistryEditorPE
regreswiz
RegShot1725
ServicesPE
WRA
wrr

*SYSTEM
cpubench
dpt
memtest
p95
quickbench
StraightMark
cpuz
DriverWizard
gpuz
keyfinderpe
KeyReader
SpeedFan
SysInfo
unknown
winaudit
wincpuid
WUL
PeToUSB
PowerOff
RESHACKER
PowerOff
TinyHexer
TrueCrypt
XPSetupLauncher

* System Backup
Acronis
Double Driver
driveimage_xml
ghost11

Monday, March 23, 2009

ပိုကောင်းလာတဲ့ Internet Explore

ယခင် version တွေထက် ပိုကောင်း ပိုမြန်ပြီး လုံခြုံမှု ပိုရှိလာတယ်လို့ ညွှန်းထားတဲ့ Internet Explore 8 ကို download လုပ်နိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။ download လုပ်ဖို့ Microsoft ရဲ့ webpage ကို အဆင့်ဆင့် သွားနေဖို့မလိုပဲ ဒီနေရာကနေ တိုက်ရိုက်ဆွဲဖို့ အောက်မှ link ဖော်ပြပေးလိုက်ပါတယ်။ Internet Explore 8 ကို လေ့လာချင်သေးတယ် ဆိုရင်တော့ ဒီနေရာကို သွားလိုက်ပါ။ သိသာထင်ရှား ကောင်းမွန်တဲ့ ထူးခြားချက်တစ်ခုကို ပြောပြပါဆိုရင်တော့ Firefox ကဲ့သို့ Add-ons ထည့်သုံးဖို့ ပါဝင်လာတာပါ။ Add-ons တွေထည့်ချင်ရင်တော့ http://www.ieaddons.com/en/ ကို သွားပြီး အသုံးတည့်မယ် ထင်တာတွေကို ရွေးထည့်လို့ရပါတယ်။
အောက်မှာကတော့ မိတ်ဆွေတို့သုံးနေတဲ့ OS version အလိုက် ရွေးပြီး download လုပ်ပါ -
Select your operating system:

Thursday, March 19, 2009

Hacker လုပ်ရအောင်

နေ့စဉ်နဲ့အမျှ တိုးတက် မြင့်မားလာတဲ့ နည်းပညာ လောက ...
လူငယ်တွေရဲ့ နည်းပညာ စွမ်းရည် မြင့်မားလာမှု ...
စိမ်ခေါ်မှုတွေကို စိတ်ဝင်စားတယ် ဆိုတဲ့ လူငယ်တွေ ...
Hacker တစ်ယောက်ရဲ့ ရင်ခုန်သံ ...
ကဲ စမ်းကြည့် လိုက်ရအောင်နော် ........
Download link -
http://uploading.com/files/BTHQQER8/Hacking.Game.rar.html
Another link -
Hacking Game - UPLINK |63.68 MB

High tech computer crime and industrial espionage on the Internet of 2010.You play an Uplink Agent who makes a living by performing jobs for major corporations. Your tasks involve hacking into rival computer systems, stealing research data, sabotaging other companies, laundering money, erasing evidence, or framing innocent people.

You use the money you earn to upgrade your computer systems, and to buy new software and tools. As your experience level increases you find more dangerous and profitable missions become available. You can speculate on a fully working stock market (and even influence its outcome). You can modify peoples academic or criminal records. You can divert money from bank transfers into your own accounts. You can even take part in the construction of the most deadly computer virus ever designed.

Advanced Photoshop Magazine

တခါတလေ အပြောင်းအလဲလေး ဖြစ်သွားအောင် ဒီတစ်ခါတော့ software အကြောင်း မဟုတ်တော့ပဲ Photoshop ကို လေ့လာချင်သူတွေအတွက် Advanced Photoshop Magazine ကို download လုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ Basic level မဟုတ်ပဲ Advanced level အတွက် ဖြစ်တာကြောင့် အသုံးတည့်မယ် ထင်ပါတယ်။






Magazine Issue 45: Download links -

http://rapidshare.com/files/209746410/Adv_Phot_Iss_45_www.dl4all.com.part1.rar
http://rapidshare.com/files/209764429/Adv_Phot_Iss_45_www.dl4all.com.part2.rar
http://rapidshare.com/files/209798242/Adv_Phot_Iss_45_www.dl4all.com.part3.rar
Mirror:
http://www.megaupload.com/?d=PHFTAV8I
http://www.megaupload.com/?d=XN4KGUZA
http://www.megaupload.com/?d=B2KUW0S0
Disc Content: Download links
http://rapidshare.com/files/209800537/Disc_Content_www.dl4all.com.part1.rar
http://rapidshare.com/files/209838024/Disc_Content_www.dl4all.com.part2.rar
http://rapidshare.com/files/209914424/Disc_Content_www.dl4all.com.part3.rar
http://rapidshare.com/files/209914812/Disc_Content_www.dl4all.com.part4.rar

Wednesday, March 18, 2009

Computer ပြဿနာ အဖြေရှာ (၁)

Blog တွေကို ၀င်လေ့လာသူ တော်တော်များများဟာ ကျွန်ပျူတာကို နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ သူတွေ များပါတယ်။ အထူးသဖြင့် ကျွန်တော့်ဆီ ရောက်လာတဲ့သူတွေဟာ software, hardware ပိုင်းတွေကို စိတ်ဝင်စားတဲ့သူတွေ ဖြစ်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ နေ့စဉ် သုံးနေတဲ့အခါမှာ ပြဿနာ လေးတွေ အနည်းနဲ့ အများ ကြုံတွေ့ကျရပါတယ်။ အဲဒီအခါ အလွယ်တကူ ဖြေရှင်းလိုက်နိုင်တာ ရှိသလို မဖြေရှင်းနိုင်လို့ ဆိုင်ပို့လိုက်ရတာ မျိုးတွေလဲ ကြုံရတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ တော်ရုံ ဖြစ်တာလောက်နဲ့ ဆိုင်ပို့ရတာမျိုး မဖြစ်စေလိုပါဘူး။ ဆိုင်ပို့လိုက်ရတဲ့အခါ ပိုက်ဆံ ကုန်တာထက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေကို ခဏရပ်ထားရလို့ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်ဖာသာ ဖြေရှင်းနိုင်အောင် လေ့လာသင့်တယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက သေသေချာချာ နားမလည်ပဲတော့ ရမ်းမလုပ်သင့်ဘူး ဆိုတာပါပဲ။ ကိုယ်လုပ်လိုက်လို့ ပိုဆိုးသွားတာမျိုးလဲ ရှိပါတယ်။ အဲဒီအခါ မကုန်သင့်ပဲ ပိုက်ဆံကုန်ပါမယ်။ နောက် အချိန်တွေလဲ ပိုကုန်ပါမယ်။ ဒါကြောင့် သေချာ နားလည်အောင် လေ့လာကြဖို့လဲ လိုပါတယ်။
ကျွန်တော့်အနေနဲ့လဲ ပြဿနာ အသေးလေးတွေရော ကြီးမားတာတွေပါ နေ့တိုင်းလိုလို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်အလုပ်က စက်က ကျွန်တော့်ကို ပညာစမ်းပါတယ်။ စဖွင့်တာနဲ့ကို နည်းနည်းလေးတော့ အဆင်မပြေဖြစ်လိုက်တာပါပဲ။ သူ့ကြောင့်လဲ ကျွန်တော် ပညာရပါတယ်။ သူ့ကိုအမျိုးမျိုး ဖြေရှင်းပေးရပါတယ်။ သူက ကျွန်တော့်လက်ထဲမှာ (၃)နှစ်သားရှိပါပြီ။ ကွန်ပျူတာလား မြောက်လာလို့်လား မသိပါဘူးဗျာ၊ အမျိုးမျိုးဖြစ်နေပါတယ်။ ကျွန်တော်ကလဲ အမျိုးမျိုး စဉ်းစားပြီး အဖြေရှာပါတယ်။ ခုတလောတော့ ငြိမ်နေပြန်ပါတယ်။ ကျွန်တော်ပြောချင်တာက တခုခုဖြစ်တိုင်းသာ ဆိုင်ကို အားကိုးနေရမယ် ဆိုရင် ကျွန်တော်တော့ဖြစ် အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်လောက်ပါတယ် (ခဏခဏ ပြင်နေရလို့)။
ကျွန်တော့်အနေနဲ့ တအားကြီး ကျွမ်းကျင်လို့ ခုလိုရေးတာမျိုး မဟုတ်ဖူးလို့တော့ ပြောထားချင်ပါတယ်။ ကျွန်တော်ကြုံရတဲ့ အထဲက အသုံးတဲ့မယ် ထင်တာလေးတွေကို အပိုင်းခွဲပြီး တင်ပေးသွားပါမယ်။ ကျွန်တော့်လို ဖြစ်ခဲ့ရင် အဆင်ပြေအောင်လို့ပါ။
Compute ပြဿနာ အဖြေရှာ (၁) မှာ ပြောပြချင်တာကတော့ .....
ကျွန်တော့် အိမ်မှာ သုံးတဲ့ စက်ကို Windows XP SP3 ပြောင်းတင်ပါတယ်။ ပထမ တင်ထားတာကလဲ Windows XP SP3 ပါပဲ၊ ဒါပေမယ့် သူက integreated လုပ်ထားတဲ့ vista style ဖြစ်နေလို့ မကြိုက်လို့ပါ။ ပြောင်းမတင်ခင်က ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အားလုံး အဆင်ပြေပါတယ်။ အသစ်တင်တဲ့ အခါမှာ format လုပ်ပြီး အစအဆုံး ပြန်တင်တာပါ။ ဘာကြောင့်လဲဆိုတော့ ပထမ windows မှာပါတဲ့ အပိုတွေ (ဥပမာ-vista side bar) ကို မလိုချင်လို့ပါ။ Windows တင်ချိန်တစ်လျှောက် ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါနဲ့ လိုတဲ့ driverတွေ လိုက်တင်ပါတယ်။ Application Soft: တွေ တင်ပါတယ်။ Game တွေ ပြန်တင်ပါတယ်။ နောက် လိုအပ်တယ်ထင်တဲ့ ဖောင့်တွေ တင်ပါတယ်။ အဲဒီအချိန်အထိ အားလုံး အဆင်ပြေပါတယ်။ နောက် (၂)ရက်လောက်အကြာမှာ ပြဿနာ စလာပါတယ်။
ကျွန်တော်က Graphic Design လဲ မတောက်တခေါက် တတ်ပါတယ်၊ တတ်တယ်ဆိုတာထက် လေ့လာထားပါတယ်။ ဒါကြောင့် Adobe Creative Suit 4 Master collection ကို သွင်းထားပါတယ်။ အဲဒီနေ့က ကျွန်တော် Graphic လေးတစ်ခု လုပ်ကြည့်ပါတယ်။ ပုံပိုင်းဆိုင်ရာတွေ လုပ်ပြီး စာထည့်ဖို့လုပ်တော့ မြန်မာလိုထည့်ဖို့ Pinny font ကို သုံးဖို့ဆုံးဖြတ်ပြီး စာရိုက်ပါတယ်။ ကျွန်တော်က နည်းနည်း ပျင်းတော့ ဖောင့်လက်ကွက်တွေကို အလွတ်ကျက် မထားပါဘူး။ အထူးသဖြင့် ပါဠ်ဆင့်တွေကိုပါ။ ဒါနဲ့ ပါဠ်ဆင့်ရိုက်တော့ CH map ကို ကြည့်ရပါတယ်။ အဲဒီလိုကြည့်တော့မှ ရွာလည်တော့တာပဲဗျာ။ ဘာ Pinny မှ မတွေ့ရပါဘူး။ အဲဒီအပြင် တင်ထားပြီးသားတွေထဲက King ဖောင့်တွေလဲ မရှိပါဘူး။ နောက် Win ဖောင့်တွေကတော့ လုံးဝကို သုံးလို့ကိုမရတာပါ။ ဒါနဲ့ ကျွန်တော်လဲ run ကနေ fonts ထဲသွားပြီး ၀င်ကြည့်ပါတယ်။ ဖောင့်တွေ အကုန်ရှိနေပါတယ်။ ဒါနဲ့ double click လုပ်ပြီးဖွင့်ကြည့်တော့ စောစောက ဖောင့်တွေကို ဖွင့်ကြည့်လို့မရတာ တွေ့ရပါတယ်။ ဒါနဲ့ ဖွင့်လို့မရတာတွေ ဆက်ကြည့်တော့ အားလုံးက adobe ဖောင့်တွေ ဖြစ်နေပါတယ်။ True type နဲ့ Open type မြန်မာ၊ အင်္ဂလိပ်ဖောင့်တွေ အားလုံး ရပါတယ်။ ဒါနဲ့ ကျွန်တော်လဲ မရတဲ့ဖောင့်တွေ အားလုံးကို Shift delete လုပ်လိုက်ပါတယ်။ နောက် အသစ် ပြန် install လုပ်ပါတယ်။ အဲဒီမှာ ပိုဆိုးတော့တာပဲဗျာ။ font file damage ဆိုပြီး အသွင်းမခံပါဘူး။ ဒါနဲ့ အခွေ မကောင်းတော့လို့လား ဆိုပြီးတော့ တခြားစက်တစ်လုံးက ဖောင့်တွေကို အခွေရေးပြီး install လုပ်ပါတယ်။ ဒါလဲ file damage တုန်းပါပဲ။ ဒါနဲ့ ကျွန်တော်လဲ တတ်သမျှ မှတ်သမျှ စဉ်းစားပါတယ်။ ပထမ စတင်တုန်းက install လုပ်လို့ရတယ်ဆိုတော့ Windows မှာ ခုရက်ပိုင်းအတွင်း အမှားတစ်ခုခု ဖြစ်လို့လားလို့၊ ဒါနဲ့ အစပိုင်း ကျွန်တော်ပြောခဲ့သလိုပဲ Windows ကို format လုပ်ပြီး အသစ်ပြန်တင် ကြည့်ပါတယ်။ နောက် Driver တွေ တစ်ခုမကျန် ပြန်တင်ပါတယ်။ နောက် တခြားဟာတွေ ဆက်တင်မကြည့်ပဲ ဖောင့်ကို တင်ပါတယ်။ မရပါဘူး ပထမတုန်းက အတိုင်းပါပဲ။
ဒါနဲ့ windows အပိုင်းက မဟုတ်ဖူးဆိုတာ သေချာတယ်လို့ ယူဆလိုက်ပါတယ်။ အဲဒီတော့ Hardware ပိုင်းကြောင့်လား။ Hardware ပိုင်းနဲ့ Fonts install ဆိုင်တယ်လို့တော့ ယူဆဖို့ တော်တော်လေး ခဲယဉ်းသော်လည်း ကျွန်တော့်ဆရာ ပြောဖူးတာလေးတစ်ခုကို ခေါင်းထဲရောက်လာတာက Windows တင်တဲ့အခါ Memory card ကြောင့် တင်လို့မရတာတွေ ရှိတတ်တယ် ဆိုတာကိုပါ။ ဒါနဲ့ ခုဖြစ်တာက Windows တင်တာ မဟုတ်သော်လည်း ရလိုရညား ကျွန်တော် စိုက်ထားတဲ့ 1GB DDR2 နှစ်ချောင်းကို ဖြုတ်ပြီး ဟိုဖက် သည်ဖက် ပြောင်းတပ်ကြည့်ပါတယ်။ နောက် စက်ပြန်ဖွင့်ပြီး ပြန်သွင်းကြည့်တော့ မရပါဘူး။ ဒီအတိုင်းပါပဲ။
တော်တော်လေး စားပြီပေါ့ဗျာ။ အကြီးအမားဖြစ်တာ မဟုတ်ပေမယ့် အဲဒီဖောင့်တွေက သုံးဖို့ လိုနေတော့ မသွင်းပဲ ထားလို့တော့ မဖြစ်နိုင်ဘူးလေ။ ဒါနဲ့ ကျွန်တော် တချိန်လုံး ဘာလုပ်ရင်ကောင်းမလဲ ဆိုတာ စဉ်းစားတယ်။ ဆိုင်ကိုတော့ ဒီလောက်လေးနဲ့ မပို့ချင်ဘူးလေ။ မိတ်ဆွေတို့လဲ အောက်ကို ဆက်မဖတ်သေးပဲ စဉ်းစားကြည့်ကြပါလား။ စဉ်းစားနိုင်အောင် ကျွန်တော့် System unit မှာ တပ်ထားတာလေးတွေ ပြောပြရရင် -

  • Mainboard-ASUA P5QL-LE
  • CPU- Core2duo 2.8GHz
  • Memory 1GB DDR2 800 (2ချောင်း)
  • HDD- Segate500GB (SATA)
  • Display card-ASUS EN9500GT OC 512MB DDR3
  • Card reader
  • LG DVD super multi (SATA)
  • Coolmaster casing with 460W supply
ဝင်းဒိုးပြန်တင်ဖို့တော့ မလုပ်တော့ပါဘူး။ ဒါနဲ့ ကျွန်တော့်ရဲ့ နောက် စက်တစ်လုံးကို အခုစက်ရဲ့ HDD ကိုဖြုတ်ပြီး ပြောင်းတပ်ကြည့်ပါတယ်။ အဲလိုပြောင်းတပ်ကြည့်တော့ ဖောင့်တွေကို သွင်းလို့ရပါတယ်။ CH map မှာလဲ ပေါ်ပါတယ်။ သုံးလို့လဲရပါတယ်။ ပြန်ဖြုတ်ပြီး မူလစက်မှာ ပြန်တပ်ပါတယ်။ ဖောင့်တွေ ရှိနေပေမယ့် စောစောကအတိုင်း CH map မှာ မမြင်ရပါဘူး။ ပြောဖို့ကျန်တာက MS word, Photoshop CS4 တို့ရဲ့ font list ထဲမှာတော့ ရှိနေပါတယ်။ 
ဒါနဲ့ တစ်ခု စဉ်းစားမိလာတာက display card ကြောင့်လို့ပါ။ ဒါနဲ့ Safe mode နဲ့ windows ကို ဖွင့်ပါတယ်။ CH map ကိုကြည့်တော့ ဖောင့်အားလုံးမြင်ရပါတယ်။ သေချာပါပြီ။ Display card လုံးဝကို ဆိုင်နေပါပြီ။ ဒါကြောင့် Display card driver နဲ့ utilities တွေ အားလုံးကို ဖြုတ်ပါတယ်။ restart လုပ်ပြီး Windows ကို  ပုံမှန်အတိုင်း ပြန်တက်ပါတယ်။ ပထမဆုံး display card driver ကိုပြန်သွင်းပါတယ်။ CH map ကိုကြည့်တော့ ပုံမှန်အတိုင်းပါပဲ။ အဖြေပေါ်ပါပြီ။ ASUS display card ရဲ့ OC လုပ်ဖို့ ထည့်ပေးထားတဲ့ smart doctor ပြီးတော့ gamer OSD, vedio security  ဆိုတဲ့ utilities တွေထဲက တခုခုကြောင့် ဖြစ်ရတာပါ။ ဒါနဲ့ အဲဒါတွေကို မသွင်းပဲ တခြားလိုအပ်တာတွေ ဆက်သွင်းပြီး သုံးတော့ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ အဆင်ပြေသွားပါတယ်။ 
ကျွန်တော် ပြောချင်တာကတော့ သိထားရင် ခုဟာက ဘာမှမဟုတ်ပဲ အလွယ်လေးပေါ့ဗျာ။ မသိတော့ တော်တော်လေး အချိန်ယူလိုက်ရတယ်လေ။ 
အားလုံးပဲ ဗဟုသုတအနေနဲ့ ဖော်ပြ ပေးလိုက်ပါတယ်။ နောက် ဒီထက် ဗဟုသုတ ရတာမျိုးလေးတွေကိုလဲ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။

Friday, March 13, 2009

ဝင်းဒိုးလှလှ သုံးရအောင် Windows XP Vista Lite 2009 v2.5

ကျွန်တော် အမြဲ လေ့လာဖြစ်တဲ့ blog တွေထဲက တစ်ခုဖြစ်တဲ့ ကိုသံလုံငယ် ရဲ့ ဘလော့မှာ Windows XP SP3 Vortex Third generation "Red" 2009 ဆိုတဲ့ Windows OS လှလှလေးတစ်ခု download လုပ်ဖို့ ပေးထားတာ တွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်လဲ ကျွန်တော့် Blog မှ အဲဒီလိုမျိုးလေးပေါ့ဗျာ၊ လာလည်တဲ့သူတွေကို ကြီးကြီးမားမားလေး (တကယ်ကိုကြီးပါတယ် size က 586 MB ဆိုတော့) ပေးချင်လို့ပါ။ Download လုပ်ဖို့အတွက် အပိုင်း(၇)ခု ခွဲပြီးလုပ်ရမှာဖြစ်ပါတယ်။ Windows XP SP3 ကို Vista လိုမျိုးလှအောင် လုပ်ထားတာဖြစ်ပါတယ်။ ဆိုဒ်ကြီးတဲ့အတွက် ဇွဲကောင်းကောင်းနဲ့ ကြိုးစားပြီး ဆွဲကြည့်လိုက်ကြပါ ......

Website တစ်ခုလုံးကို download လုပ်ရန် SurfOffline 1.4

Website တစ်ခုလုံးကို download လုပ်ထားပြီး အချိန်မရွေး offline ကြည့်ချင်ရင်တော့ SurfOffline 1.4 က ကူညီ ဆောင်ရွက် ပေးပါလိမ့်မယ်။
If you need to download a website, use the offline browser SurfOffline.
The software allows you to download entire websites and download web pages to your local hard drive. SurfOffline combines powerful features and a convenient interface. The SurfOffline wizard will allow you to quickly specify the website download settings.
After the website has been downloaded, you can use SurfOffline as an offline browser and view downloaded web pages in it. In case you prefer viewing downloaded webpages in another browser, use the Export Wizard.
Also the Surf Offline Export Wizard allows you to copy downloaded websites to other computers in order to view them later and prepares websites for burning them to a CD or DVD.

Anti-Virus နဲ့ ကျွန်တော် (၃)

Virus အမျိုးမျိုး ရှိသလို Anti-Virus တွေလဲ မျိုးစုံရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အစွမ်းထက်တဲ့ Anti-Virus တွေကို သုံးခဲ့ကြပါတယ်။ အဲဒီမှာ ပြဿနာတစ်ခုက လိုင်စင်ကိစ္စပဲဖြစ်ပါတယ်။ အရင်က အလွယ်တကူ သုံးနိုင်ခဲ့ကြပေမယ့် ခုတော့ လိုင်စင်မှန်မမှန်ကို Anti-Virus ထုတ်လုပ်တဲ့ သူတွေက update တွေကတစ်ဆင့် black list ထည့်ပေးလိုက်တဲ့အတွက် အလုပ်မဖြစ်တော့ပါဘူး။ ဒါပေမယ့် ကပ်ပြီးကျန်နေခဲ့တဲ့ အစွမ်းထက် လူကြိုက်များတဲ့ Anti-Virus တစ်မျိုးရှိနေသေးလို့ သုံးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

AVG Anti-Virus/ Internet Security ဖြစ်ပါတယ်။ AVG Anti-Virus ရဲ့ latest version 8.5 ဟာ ခုရက်ပိုင်းလေးမှာပဲ ထွက်လာတာပါ။ ဒါကြောင့် သုံးချင်ရင် သုံးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ လိုင်စင်ကလဲ ခုချိန်ထိ အဆင်ပြေပါတယ်။ online/ offline ကြိုက်သလို update လုပ်နိုင်ပါတယ်။

 

Click below to download -

(AVG Anti-Virus 8.5)

(AVG Internet Security 8.5)

(သို့)

http://www.avg.com/download

 Serials: 

  • 8MEH-RNHNX-A4CNU-49DOA-3WNRA-9EMBR-ACED
  • 8MEH-RB32G-UP98U-TRLQR-BK43N-CEMBR-ACED
  • 8MEH-RJXR4-2CKYP-2GB3A-DVFVC-PEMBR-ACED
  • 8MEH-RBG6H-9C2PW-G499A-LYCJN-8EMBR-ACED
  • 8MEH-RXYFD-JUV72-8922R-F9YS7-QEMBR-ACED
  • 8MEH-RD8B8-2GXG3-Z6YQA-E6VOJ-GEMBR-ACED
  • 8MEH-RJR4R-7WAJ6-NL3DA-CT4ZC-JEMBR-ACED
  • 8MEH-RXYFD-JUV72-8922R-FWXMZ-QEMBR-ACED
  • 8MEH-RRD82-WDYV8-9UBUR-7G4W4-4EMBR-ACED
  • 8MEH-REJA9-D2M3S-337LR-D898N-REMBR-ACED


  • 8MEH-RVEGA-VJNX3-Y3DLA-87G38-6EMBR-ACED 

 

Update file Download လုပ်ချင်ရင်တော့ ဒီနေရာကို သွားလိုက်ပါ။


Wednesday, March 11, 2009

သူငယ်ချင်းတို့စက်ကို အမြန်ဆုံး အကောင်းဆုံး Defrag လုပ်နိုင်ဖို့ O&O Defrag 11.5 Professional Edition


O&O Defrag 11 ရဲ့ updated version 11.5 မတ်လ ၆ ရက်နေ့က ထွက်လာတာ တွေ့ရလို့  downlod လုပ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ အခုနောက်ပိုင်းမှာ Hard disk ဆိုဒ်ပမာဏများများ သုံးလာကြတဲ့အတွက် Hard disk ကို Defrag လုပ်ရာမှာ အချိန်အတော်ကြီး ပေးရမှာဖြစ်ပါတယ်။ အချိန်ကုန်သက်သာဖို့နဲ့ အကောင်းဆုံး Defrag လုပ်နိုင်ဖို့ အတွက် O&O Defrag 11.5 Professional Edition က ကူညီပေးပါလိမ့်မယ်။ မသုံးဖူးတဲ့သူများ သုံးကြည့်ကြပါ၊ သုံးနေသူတွေအတွက်ကတော့ latest version ကို download ဆွဲပြီး သုံးလိုက်ကြပါဗျာ။ အားလုံး အဆင်ပြေကြပါစေ။


Operating System:Windows™ Vista, XP, 2000
Languages:English, German, French
Download now:Version 11.5.4065

Name:       tRiST 
Company: CORE 
Serial:       DPM9-02FC-F2X9-47DY-1A4B
Email:       maungmaung151@gmail.com

Unleash the hidden performance of your computer with the minimum effort. O&O Defrag 11 Professional Edition packs file fragments quickly and securely back together to optimize your hard disk under Windows.

လိပ်စာကဒ်တွေ အလွယ်တကူ လုပ်နိုင်ဖို့ BusinessCards MX 3.95


Business Card လေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ software ဖြစ်ပါတယ်။ အသေးစိတ်လေ့လာချင်ရင် http://www.businesscards-mx.com/ ကိုသွားပြီး လေ့လာနိုင်ပါတယ်။ အသုံးတဲ့မယ် ထင်လို့ ဖော်ပြ ပေးလိုက်ပါတယ် ........

(Click here to download) size (63.1 MB)

 

The attributes of the program:

* operating jpg, bmp, wmf , png ,tiff and more graphic formats
* a dozen or so effects which can be used while working on all objects (text , image , backgrounds) for example: shadows, textures, sepia, gradients and others
* export to high resolution (300 DPI , 600 DPI or 1200 DPI) image files.
* the size of designed business cards: min 70x40 max 105x65
* the appearance of the interface can be changed
* 400 supported business card paper for ink jet and laser printers,
from Avery, APLI, Hisago, Sigel, A-One ,Printec and other manufacturers.

Monday, March 9, 2009

သူငယ်ချင်းတို့သုံးဖို့ winrar 3.71 (full)

Winrar 3.71 သုံးချင်သူရှိရင် သုံးနိုင်အောင် ရှာပေးလိုက်ပါတယ်။ download လုပ်ပြီး install လုပ်ပြီးရင် တန်းသုံးရုံပါပဲ။ register (or) activate လုပ်ဖို့မလိုပါဘူး။ တစ်ခုတော့ရှိတယ်ဗျ၊ ရယ်ဖို့ကောင်းတယ် ပြောရမလားပဲ၊ Winrar အတွက် download file က rar ဖိုင်ပဲ ဖြစ်နေလို့............. winzip, 7zip ရှိရင် အဆင်ပြေမှာပါ။

Corel® WinDVD® 9

CyberLink Power DVD ပြီးတော့ သူနဲ့အပြိုင်ဖြစ်တဲ့ Corel WinDVD ကိုလည်း သုံးချင်ရင် သုံးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ သူ့ကိုလဲ  CyberLink Power DVD တုန်းကလို install လုပ်ပြီး activation လုပ်ဖို့ လိုပါတယ်။ Power DVD လုပ်တဲ့ ပုံစံနဲ့တော့ ကွဲပြားပါတယ်။ ဒါကို အလုပ်တဖက်နဲ့ တက်သုတ်ရိုက်နေရလို့ အသေးစိတ် ရေးမပေးတော့ပါဘူး၊ ခါတိုင်း လုပ်သလိုပါပဲ keygen အသုံးပြုပြီး Activating by phone ကိုရွေးပြီး အရင်တုန်းက လုပ်ခဲ့သလို လုပ်ရမှာပါ။ အဆင်မပြေရင် comment ကနေ မေးလို့ရပါတယ်။
(or)

About Nero 9


ကျွန်တော် 21 October , 2008 က တင်ထားခဲ့တဲ့ Use full version of Nero 9 ပိုစ့်မှာပါတဲ့ serial no. ဟာ ခု nero 9 ရဲ့ updated version 9.2.6.0 မှာ အလုပ်မဖြစ်ပါဘူး။ 2008 အောက်တိုဘာလပိုင်းမှာ ထွက်ခဲ့တဲ့ 9.0.9... အတွက်ပဲဖြစ်ပါတယ်။ အခုဗားရှင်းအတွက် အဆင်ပြေမယ့် crack (သို့) serial ကို ကျွန်တော် ရှာနေတာ 2လလောက်ရှိပါပြီ။ ခုထိ အဆင်မပြေသေးလို့ ဖော်ပြပေးနိုင်ခြင်းမရှိတာကို နားလည်ပေးကြပါလို့ ...............

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...