Tuesday, March 24, 2009

Blogger: Content Warning ကို ကျော်ချင်ရင်

တချို့သော Blogger site များမှာ Content Warning များ ထည့်သွင်း ထားတာ ရှိတတ်ပါတယ်။ တခါတလေ ကိုယ်က အရေးကြီးလို့ ပဲဖြစ်ဖြစ်၊ မကြိုက်လို့ပဲ ဖြစ်ဖြစ် အမြန်ဝင် ကြည့်ချင်တဲ့အခါမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ Connection နှေးတာနဲ့ ဒီ content warning ကို ဖြတ်နေရတာနဲ့ တော်တော်နဲ့ကို ကြည့်လို့ မရပဲ စောင့်နေရ တတ်ပါတယ်။ ဒီလိုအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်း ရှာဖွေဖော်ပြ ပေးလိုက်ပါတယ်။
  • ပထမဆုံး ပြောချင်တာကတော့ ခုလို ကျော်ဖို့အတွက် Mozilla Firefox browser ကို သုံးရမှာ ဖြစ်ပါတယ်။ တခြား browser များမရပါဘူး။ ဘာကြောင့်လဲဆိုတော့ Firefox add-on တစ်ခုဖြစ်တဲ့ Greasemonkey (click link to install add-on)ကို သွင်းရပါမယ်။ (ပြီးသွားရင် Firefox ကို restart လုပ်ဖို့ message မြင်ရရင် firefox ကို restart လုပ်ပေးလိုက်ပါ) Firefox ရဲ့ ညာဖက် အောက်ထောင့်မှာ မျောက်ပုံလေး ပေါ်နေတာ တွေ့ရပါမယ်။
  • သွင်းပြီးသွားရင် Blogger content warning auto skip II ကို ဆက်သွင်းဖို့ ဒီနေရာကို Click လုပ်ပါ။ အလိုလိုသွင်းပေးပါလိမ့်မယ်။ Blogger Content Warning Auto skip II has been installed successfully ဆိုတဲ့ စာတမ်းလေးကို မျောက်ပုံလေး ဘေးက Status bar မှာ ပေါ်လာတာ တွေ့ရပါမယ်။ ဒါဆိုရင် ရပါပြီ။
  • အဆင်ပြေ မပြေ စမ်းကြည့်လိုက်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်ဆီ ရောက်လာလေ့ရှိတဲ့ ညီလေး လင်းကြယ်ဖြူရဲ့ Blog ကို စမ်းကြည့်တာ အဆင်ပြေပါတယ်။ Content warning ကို ဖြတ်စရာ မလိုတော့ပဲ တန်းပြီး ရောက်သွားပါတယ်။ တစ်ခု ပြောစရာရှိတာက http://............blogspot.com လိပ်စာတွေပဲ ကျော်လို့ရပြီး http://www.............co.cc နဲ့ဆိုရင်တော့ မရပါဘူး။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...