Wednesday, March 18, 2009

Computer ပြဿနာ အဖြေရှာ (၁)

Blog တွေကို ၀င်လေ့လာသူ တော်တော်များများဟာ ကျွန်ပျူတာကို နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ သူတွေ များပါတယ်။ အထူးသဖြင့် ကျွန်တော့်ဆီ ရောက်လာတဲ့သူတွေဟာ software, hardware ပိုင်းတွေကို စိတ်ဝင်စားတဲ့သူတွေ ဖြစ်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ နေ့စဉ် သုံးနေတဲ့အခါမှာ ပြဿနာ လေးတွေ အနည်းနဲ့ အများ ကြုံတွေ့ကျရပါတယ်။ အဲဒီအခါ အလွယ်တကူ ဖြေရှင်းလိုက်နိုင်တာ ရှိသလို မဖြေရှင်းနိုင်လို့ ဆိုင်ပို့လိုက်ရတာ မျိုးတွေလဲ ကြုံရတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ တော်ရုံ ဖြစ်တာလောက်နဲ့ ဆိုင်ပို့ရတာမျိုး မဖြစ်စေလိုပါဘူး။ ဆိုင်ပို့လိုက်ရတဲ့အခါ ပိုက်ဆံ ကုန်တာထက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေကို ခဏရပ်ထားရလို့ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်ဖာသာ ဖြေရှင်းနိုင်အောင် လေ့လာသင့်တယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက သေသေချာချာ နားမလည်ပဲတော့ ရမ်းမလုပ်သင့်ဘူး ဆိုတာပါပဲ။ ကိုယ်လုပ်လိုက်လို့ ပိုဆိုးသွားတာမျိုးလဲ ရှိပါတယ်။ အဲဒီအခါ မကုန်သင့်ပဲ ပိုက်ဆံကုန်ပါမယ်။ နောက် အချိန်တွေလဲ ပိုကုန်ပါမယ်။ ဒါကြောင့် သေချာ နားလည်အောင် လေ့လာကြဖို့လဲ လိုပါတယ်။
ကျွန်တော့်အနေနဲ့လဲ ပြဿနာ အသေးလေးတွေရော ကြီးမားတာတွေပါ နေ့တိုင်းလိုလို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်အလုပ်က စက်က ကျွန်တော့်ကို ပညာစမ်းပါတယ်။ စဖွင့်တာနဲ့ကို နည်းနည်းလေးတော့ အဆင်မပြေဖြစ်လိုက်တာပါပဲ။ သူ့ကြောင့်လဲ ကျွန်တော် ပညာရပါတယ်။ သူ့ကိုအမျိုးမျိုး ဖြေရှင်းပေးရပါတယ်။ သူက ကျွန်တော့်လက်ထဲမှာ (၃)နှစ်သားရှိပါပြီ။ ကွန်ပျူတာလား မြောက်လာလို့်လား မသိပါဘူးဗျာ၊ အမျိုးမျိုးဖြစ်နေပါတယ်။ ကျွန်တော်ကလဲ အမျိုးမျိုး စဉ်းစားပြီး အဖြေရှာပါတယ်။ ခုတလောတော့ ငြိမ်နေပြန်ပါတယ်။ ကျွန်တော်ပြောချင်တာက တခုခုဖြစ်တိုင်းသာ ဆိုင်ကို အားကိုးနေရမယ် ဆိုရင် ကျွန်တော်တော့ဖြစ် အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်လောက်ပါတယ် (ခဏခဏ ပြင်နေရလို့)။
ကျွန်တော့်အနေနဲ့ တအားကြီး ကျွမ်းကျင်လို့ ခုလိုရေးတာမျိုး မဟုတ်ဖူးလို့တော့ ပြောထားချင်ပါတယ်။ ကျွန်တော်ကြုံရတဲ့ အထဲက အသုံးတဲ့မယ် ထင်တာလေးတွေကို အပိုင်းခွဲပြီး တင်ပေးသွားပါမယ်။ ကျွန်တော့်လို ဖြစ်ခဲ့ရင် အဆင်ပြေအောင်လို့ပါ။
Compute ပြဿနာ အဖြေရှာ (၁) မှာ ပြောပြချင်တာကတော့ .....
ကျွန်တော့် အိမ်မှာ သုံးတဲ့ စက်ကို Windows XP SP3 ပြောင်းတင်ပါတယ်။ ပထမ တင်ထားတာကလဲ Windows XP SP3 ပါပဲ၊ ဒါပေမယ့် သူက integreated လုပ်ထားတဲ့ vista style ဖြစ်နေလို့ မကြိုက်လို့ပါ။ ပြောင်းမတင်ခင်က ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အားလုံး အဆင်ပြေပါတယ်။ အသစ်တင်တဲ့ အခါမှာ format လုပ်ပြီး အစအဆုံး ပြန်တင်တာပါ။ ဘာကြောင့်လဲဆိုတော့ ပထမ windows မှာပါတဲ့ အပိုတွေ (ဥပမာ-vista side bar) ကို မလိုချင်လို့ပါ။ Windows တင်ချိန်တစ်လျှောက် ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါနဲ့ လိုတဲ့ driverတွေ လိုက်တင်ပါတယ်။ Application Soft: တွေ တင်ပါတယ်။ Game တွေ ပြန်တင်ပါတယ်။ နောက် လိုအပ်တယ်ထင်တဲ့ ဖောင့်တွေ တင်ပါတယ်။ အဲဒီအချိန်အထိ အားလုံး အဆင်ပြေပါတယ်။ နောက် (၂)ရက်လောက်အကြာမှာ ပြဿနာ စလာပါတယ်။
ကျွန်တော်က Graphic Design လဲ မတောက်တခေါက် တတ်ပါတယ်၊ တတ်တယ်ဆိုတာထက် လေ့လာထားပါတယ်။ ဒါကြောင့် Adobe Creative Suit 4 Master collection ကို သွင်းထားပါတယ်။ အဲဒီနေ့က ကျွန်တော် Graphic လေးတစ်ခု လုပ်ကြည့်ပါတယ်။ ပုံပိုင်းဆိုင်ရာတွေ လုပ်ပြီး စာထည့်ဖို့လုပ်တော့ မြန်မာလိုထည့်ဖို့ Pinny font ကို သုံးဖို့ဆုံးဖြတ်ပြီး စာရိုက်ပါတယ်။ ကျွန်တော်က နည်းနည်း ပျင်းတော့ ဖောင့်လက်ကွက်တွေကို အလွတ်ကျက် မထားပါဘူး။ အထူးသဖြင့် ပါဠ်ဆင့်တွေကိုပါ။ ဒါနဲ့ ပါဠ်ဆင့်ရိုက်တော့ CH map ကို ကြည့်ရပါတယ်။ အဲဒီလိုကြည့်တော့မှ ရွာလည်တော့တာပဲဗျာ။ ဘာ Pinny မှ မတွေ့ရပါဘူး။ အဲဒီအပြင် တင်ထားပြီးသားတွေထဲက King ဖောင့်တွေလဲ မရှိပါဘူး။ နောက် Win ဖောင့်တွေကတော့ လုံးဝကို သုံးလို့ကိုမရတာပါ။ ဒါနဲ့ ကျွန်တော်လဲ run ကနေ fonts ထဲသွားပြီး ၀င်ကြည့်ပါတယ်။ ဖောင့်တွေ အကုန်ရှိနေပါတယ်။ ဒါနဲ့ double click လုပ်ပြီးဖွင့်ကြည့်တော့ စောစောက ဖောင့်တွေကို ဖွင့်ကြည့်လို့မရတာ တွေ့ရပါတယ်။ ဒါနဲ့ ဖွင့်လို့မရတာတွေ ဆက်ကြည့်တော့ အားလုံးက adobe ဖောင့်တွေ ဖြစ်နေပါတယ်။ True type နဲ့ Open type မြန်မာ၊ အင်္ဂလိပ်ဖောင့်တွေ အားလုံး ရပါတယ်။ ဒါနဲ့ ကျွန်တော်လဲ မရတဲ့ဖောင့်တွေ အားလုံးကို Shift delete လုပ်လိုက်ပါတယ်။ နောက် အသစ် ပြန် install လုပ်ပါတယ်။ အဲဒီမှာ ပိုဆိုးတော့တာပဲဗျာ။ font file damage ဆိုပြီး အသွင်းမခံပါဘူး။ ဒါနဲ့ အခွေ မကောင်းတော့လို့လား ဆိုပြီးတော့ တခြားစက်တစ်လုံးက ဖောင့်တွေကို အခွေရေးပြီး install လုပ်ပါတယ်။ ဒါလဲ file damage တုန်းပါပဲ။ ဒါနဲ့ ကျွန်တော်လဲ တတ်သမျှ မှတ်သမျှ စဉ်းစားပါတယ်။ ပထမ စတင်တုန်းက install လုပ်လို့ရတယ်ဆိုတော့ Windows မှာ ခုရက်ပိုင်းအတွင်း အမှားတစ်ခုခု ဖြစ်လို့လားလို့၊ ဒါနဲ့ အစပိုင်း ကျွန်တော်ပြောခဲ့သလိုပဲ Windows ကို format လုပ်ပြီး အသစ်ပြန်တင် ကြည့်ပါတယ်။ နောက် Driver တွေ တစ်ခုမကျန် ပြန်တင်ပါတယ်။ နောက် တခြားဟာတွေ ဆက်တင်မကြည့်ပဲ ဖောင့်ကို တင်ပါတယ်။ မရပါဘူး ပထမတုန်းက အတိုင်းပါပဲ။
ဒါနဲ့ windows အပိုင်းက မဟုတ်ဖူးဆိုတာ သေချာတယ်လို့ ယူဆလိုက်ပါတယ်။ အဲဒီတော့ Hardware ပိုင်းကြောင့်လား။ Hardware ပိုင်းနဲ့ Fonts install ဆိုင်တယ်လို့တော့ ယူဆဖို့ တော်တော်လေး ခဲယဉ်းသော်လည်း ကျွန်တော့်ဆရာ ပြောဖူးတာလေးတစ်ခုကို ခေါင်းထဲရောက်လာတာက Windows တင်တဲ့အခါ Memory card ကြောင့် တင်လို့မရတာတွေ ရှိတတ်တယ် ဆိုတာကိုပါ။ ဒါနဲ့ ခုဖြစ်တာက Windows တင်တာ မဟုတ်သော်လည်း ရလိုရညား ကျွန်တော် စိုက်ထားတဲ့ 1GB DDR2 နှစ်ချောင်းကို ဖြုတ်ပြီး ဟိုဖက် သည်ဖက် ပြောင်းတပ်ကြည့်ပါတယ်။ နောက် စက်ပြန်ဖွင့်ပြီး ပြန်သွင်းကြည့်တော့ မရပါဘူး။ ဒီအတိုင်းပါပဲ။
တော်တော်လေး စားပြီပေါ့ဗျာ။ အကြီးအမားဖြစ်တာ မဟုတ်ပေမယ့် အဲဒီဖောင့်တွေက သုံးဖို့ လိုနေတော့ မသွင်းပဲ ထားလို့တော့ မဖြစ်နိုင်ဘူးလေ။ ဒါနဲ့ ကျွန်တော် တချိန်လုံး ဘာလုပ်ရင်ကောင်းမလဲ ဆိုတာ စဉ်းစားတယ်။ ဆိုင်ကိုတော့ ဒီလောက်လေးနဲ့ မပို့ချင်ဘူးလေ။ မိတ်ဆွေတို့လဲ အောက်ကို ဆက်မဖတ်သေးပဲ စဉ်းစားကြည့်ကြပါလား။ စဉ်းစားနိုင်အောင် ကျွန်တော့် System unit မှာ တပ်ထားတာလေးတွေ ပြောပြရရင် -

  • Mainboard-ASUA P5QL-LE
  • CPU- Core2duo 2.8GHz
  • Memory 1GB DDR2 800 (2ချောင်း)
  • HDD- Segate500GB (SATA)
  • Display card-ASUS EN9500GT OC 512MB DDR3
  • Card reader
  • LG DVD super multi (SATA)
  • Coolmaster casing with 460W supply
ဝင်းဒိုးပြန်တင်ဖို့တော့ မလုပ်တော့ပါဘူး။ ဒါနဲ့ ကျွန်တော့်ရဲ့ နောက် စက်တစ်လုံးကို အခုစက်ရဲ့ HDD ကိုဖြုတ်ပြီး ပြောင်းတပ်ကြည့်ပါတယ်။ အဲလိုပြောင်းတပ်ကြည့်တော့ ဖောင့်တွေကို သွင်းလို့ရပါတယ်။ CH map မှာလဲ ပေါ်ပါတယ်။ သုံးလို့လဲရပါတယ်။ ပြန်ဖြုတ်ပြီး မူလစက်မှာ ပြန်တပ်ပါတယ်။ ဖောင့်တွေ ရှိနေပေမယ့် စောစောကအတိုင်း CH map မှာ မမြင်ရပါဘူး။ ပြောဖို့ကျန်တာက MS word, Photoshop CS4 တို့ရဲ့ font list ထဲမှာတော့ ရှိနေပါတယ်။ 
ဒါနဲ့ တစ်ခု စဉ်းစားမိလာတာက display card ကြောင့်လို့ပါ။ ဒါနဲ့ Safe mode နဲ့ windows ကို ဖွင့်ပါတယ်။ CH map ကိုကြည့်တော့ ဖောင့်အားလုံးမြင်ရပါတယ်။ သေချာပါပြီ။ Display card လုံးဝကို ဆိုင်နေပါပြီ။ ဒါကြောင့် Display card driver နဲ့ utilities တွေ အားလုံးကို ဖြုတ်ပါတယ်။ restart လုပ်ပြီး Windows ကို  ပုံမှန်အတိုင်း ပြန်တက်ပါတယ်။ ပထမဆုံး display card driver ကိုပြန်သွင်းပါတယ်။ CH map ကိုကြည့်တော့ ပုံမှန်အတိုင်းပါပဲ။ အဖြေပေါ်ပါပြီ။ ASUS display card ရဲ့ OC လုပ်ဖို့ ထည့်ပေးထားတဲ့ smart doctor ပြီးတော့ gamer OSD, vedio security  ဆိုတဲ့ utilities တွေထဲက တခုခုကြောင့် ဖြစ်ရတာပါ။ ဒါနဲ့ အဲဒါတွေကို မသွင်းပဲ တခြားလိုအပ်တာတွေ ဆက်သွင်းပြီး သုံးတော့ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ အဆင်ပြေသွားပါတယ်။ 
ကျွန်တော် ပြောချင်တာကတော့ သိထားရင် ခုဟာက ဘာမှမဟုတ်ပဲ အလွယ်လေးပေါ့ဗျာ။ မသိတော့ တော်တော်လေး အချိန်ယူလိုက်ရတယ်လေ။ 
အားလုံးပဲ ဗဟုသုတအနေနဲ့ ဖော်ပြ ပေးလိုက်ပါတယ်။ နောက် ဒီထက် ဗဟုသုတ ရတာမျိုးလေးတွေကိုလဲ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။

1 comment:

Co2zeиith said...

မှတ်သွားတရ်အကိုရေ၊၊
ကျွန်တော် ဘာမှမတတ်တော့ စက်အရမ်းလေးရင် Window ပြန်တင်တယ်လေ အစ်ကို၊၊
း)
အစ်ကိုပြောသလို ကြုံရင် စမ်းကြည့် မလို့ ပရင့်ထုပ် ထားတယ်အစ်ကို၊၊
ဗဟုသုတတွေ ဝေမျှပေးနေတဲ့ ကိုဖြိုးနိုင်အောင် ကျေးဇူးပါဗျာ၊၊
မမ လှလှ နဲ့ တွေ့ ပါစေ၊၊

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...