ပြောချင်တာက ခု လက်ရှိ latest သုံးနေတာက Alpha Zawgyi 2008 ဖြစ်ပါတယ်။ တစ်ခါတည်း install လုပ်ပြီး သုံးနိုင်အောင် လုပ်ပေးထားပါတယ်။ setting တွေ လုပ်ဖို့မလိုပါဘူး။ install လုပ်ပြီး restart တခါလုပ်ပြီးတာနဲ့ သုံးနိုင်ပါပြီ။ အသေးစိတ်ကို http://www.mandalayalpha.com/ မှာသွားကြည့်လို့လဲ ရပါတယ်။ ဒါပေမယ့် ခု 2009ခုနှစ်ဆိုတော့ အသစ်များ ထပ်ထွက်လာဦးမလားတော့မသိပါဘူး။
Showing posts with label fonts. Show all posts
Showing posts with label fonts. Show all posts
Friday, January 23, 2009
Alpha Zawgyi Unicode System
Wednesday, January 16, 2008
New Version of Zawgyi Unicode Font
ဇော်ဂျီဖောင့် အသစ် ထွက်လာတာတွေ့ရလို့ အားလုံးသိအောင် Zawgyi.net မှာ တင်ထားတာကို ကူးပြီးတင်ပေးလိုက်ပါတယ်။ ယခင် Alpha Zawgyi နဲ့ ဒီအသစ်စာလုံးကို မြင်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် နောက်ပိုင်းသုံးရတာ အဆင်ပြေအောင် ပြောင်းပြီး install လုပ်ထားဖို့လိုပါမယ်။ Keyboard layout မှာ ကတော့ အရင်က Alpha နဲ့ စပြီး အခု Zawgyi နဲ့ စတဲ့အတွက် Myanmar2, Myanmar3 layout တွေရဲ့နောက်ကို ရောက်သွားတဲ့အတွက် Ctl+Shif ရိုက်ပြီးပြောင်းတဲ့ နေရာမှာ နဲနဲကြောင်သွားတာ တစ်ခုပါပဲ။ အားလုံးအဆင်ပြေမှာပါ။ Related post: http://test-pna.blogspot.com/2009/01/alpha-zawgyi-unicode-system.html
Written by Zawgyi.net Wednesday, 09 January 2008
၂၀၀၈ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဇော်ဂျီဖောင့်၊ ကီးဘုတ်၊ ကီးဘုတ်ပုံ
စတာတွေ အားလုံးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် စတင် ထုတ်ဝေလိုက်ပါပြီ။
အသစ်တင်ထားပါပြီ။ အသေးစိတ်ကို ဒီနေရာတွင် ကြည့်ပါ။
ဒီအသစ်မှာတော့ အရင်အခေါက်တွေတုန်းကလို မဟုတ်ဘဲ ကြီးကြီးမားမား ပြောင်းလဲချက်တွေ ပါပါတယ်။
ပဋ္ဌ်ဆင့် "ဘ" အသစ်တစ်ခုကို ထည့်ထားရပါတယ်။
ကီးဘုတ်နေရာတွေကို ပြောင်းထားပါတယ်။ ဒီပြောင်းလဲမှု အသစ်က ပိုပြီး
အဆင်ပြေစေမယ်လို့ ယူဆပါတယ်။ ဇော်ဂျီကီး (dead-key ရဲ့ နာမည်သစ်) တစ်ခု
ပါပြီးတော့ Symbol Key တစ်ခု ပါပါတယ်။ SK နှိပ်ပြီး punctuation တွေ
symbol တွေကို အင်္ဂလိပ်ကီးအတိုင်း ရိုက်နိုင်မှာ ဖြစ်တဲ့အတွက် မြန်မာလို
ရိုက်နေတုန်း comma လေးတစ်ခု ထည့်ချင်လို့ language တစ်ခု ပြောင်းစရာ
မလိုတော့ပါဘူး။ Keyboard map အသစ်ကို ယူကြည့်လိုက်ပါ။
Zero-width space ကို ကီးဘုတ်ပေါ် ထည့်ပေးထားပါတယ်။ စကားလုံးတွေ
ခြားဖို့ manual ရိုက်ထည့်နိုင်ဖို့ပါ။ Google လိုမျိုး ရှာဖွေရေး
အင်ဂျင်တွေက ကောင်းကောင်း ရှာစေချင်ရင် ဒါလေးကို ထည့်ထည့်ပြီး
ရိုက်ပေးနိုင်ပါတယ်။
ထုံးစံအတိုင်း ကျွန်တော်တို့တွေ မအားကြလို့ စာရွက်စာတမ်း သေသေချာချာတော့
မရေးထားရသေးပါဘူး။ ဒါပေမဲ့ ပိုပြီး လွယ်ကူပြည့်စုံလာတယ် ဆိုတာတော့
တင်ပြလိုက်ရပါတယ်။
ဧရီယယ်-ဇော်ဂျီဖောင့် arial-zawgyi-20071230.ttf
ဇော်ဂျီဖောင့်အသစ် Zawgyi-One-20071230.ttf
ဇော်ဂျီကီးဘုတ်အသစ် Zawgyi_Keyboard_L.zip
ဇော်ဂျီကီးဘုတ်မြေပုံအသစ် Zawgyi Unicode Keyboard L.pdf
စိတ်ဝင်စားသူ developer တွေအတွက် ဇော်ဂျီကီးဘုတ် source ZawgyiL.klc
Last Updated ( Wednesday, 09 January 2008 )
Subscribe to:
Posts (Atom)
Windows Movie Maker 2021 Full Version (Fix)
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...
-
Acacia leucophloea Willd. Mimosaceae Myanmar name : Hta Naung (ထနောင်း) English name : White Babool Description Tall tr...
-
Xilisoft Video Converter Ultimate is powerful, versatile video conversion software which converts between all popular video formats such as...
-
Good Bye CRACK,CODES,KEYGEN,SERIAL..... လို့ ဆိုနိုင်အောင် အကန့်အသတ် ကာလ အတွင်းသာ အသုံးပြုနိုင်သော Program များကို သက်တမ်း မကုန်ပဲ ဆက်လက်အသံ...