Tuesday, March 31, 2009

Blog ရေးကြမယ်ဆိုရင်......

Blog ရေးနည်းပြောပေးဖို့ တောင်းဆိုတဲ့ သူတွေရော မတောင်းဆိုပဲ သိချင်သူတွေအတွက် ကျွန်တော် ကြိုးစားပြီး ရေးပေးလိုက်ပါတယ်။ Blog လုပ်နည်းတွေကတော့ အရင့်အရင် နောင်တော်ကြီးတွေ ပြောထား ရေးထားတာတွေ ရှိလို့... နောက်ပြီး ကျွန်တော့်အနေနဲ့ သူတို့ထက် ပိုကောင်းအောင်၊ ပိုပြည့်စုံအောင် ရေးမပြတတ်လို့ ရေးမပေးတော့ပါဘူး။ လေ့လာချင်ရင်  -
myanmarblogdirectory.blogspot.com, http://www.mghla.com/ etc; အစရှိတဲ့ ဘလော့တွေမှာ ရေးနည်းတွေ ပေးထားပါတယ်။ pdf စာအုပ်အဖြစ် download လုပ်လို့ရပါတယ်။
ကျွန်တော် ပြောပြချင်တာက Blog ရေးကြမယ်ဆိုရင်...... သိထားသင်တာ လေးတွေပါ။ ဒီအတိုင်း လုပ်ကို လုပ်ရမယ်လို့ မဆိုလိုပါဘူး ... လုပ်သင့်တာလေးတွေ ဆွေးနွေးပေးတဲ့ သဘောပါ။
  • ရေးရမယ့် အကြောင်းအရာ ခိုင်ခိုင်မာမာ ရှိဖို့လိုပါတယ်။ (ဥပမာ- ကဗျာဆိုလဲ ကဗျာပေါ့ဗျာ)
  • ပိုစ့်ကို မှန်မှန်လေး တင်နိုင်ဖို့လိုပါတယ်။ (တစ်ပါတ် တစ်ခုလောက် ဖြစ်ဖြစ်ပေါ့)
  • ပိုစ့်တင်ရာမှာ ကိုယ်နဲ့ ဆိုင်တာမျိုးမဟုတ်ပဲ အများနဲ့ ဆိုင်တာမျိုးလေးတွေ ရွေးပြီး တင်နိုင်ရင် ပိုကောင်းပါတယ်။
  • တတ်နိုင်သမျှ အချက်အလက် မှန်ကန်အောင် ဂရုစိုက်သင့်ပါတယ်။ (ကျွန်တော့် Blog မှာဆိုရင် တတ်နိုင်သမျှ ပေးထားတဲ့ Download လုပ်ဖို့ software တွေရဲ့ အချက်အလက်တွေ လင့်တွေကို ယူချင်တဲ့ သူတွေ အဆက်ပြေအောင် ဂရုတစိုက်နဲ့ ပေးပါတယ်)
  • သူများ သိထားပြီးသားမျိုး နောက်ကျပြီးမှ တင်တာ ကိစ္စမရှိပေမယ့် အဲလို ဖြစ်ဖန်များရင် ကိုယ့်စီလာတဲ့သူ နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အချိန်နဲ့ တပြေးညီ ဖြစ်ဖို့လဲ လိုပါတယ်။
  • အရေးအသား ကောင်းရင်ကောင်းသလို လူစိတ်ဝင်စားလာမှာ ဖြစ်ပေမယ့် အကြောင်းအရာ ကလဲ အရေးကြီးပါတယ်။ လူအလွယ်တကူ စိတ်ဝင်စားမဲ့ အကြောင်းမျိုးဆိုရင် အရေးအသား မကောင်းလဲ ကိစ္စမရှိဘူး ထင်ပါတယ်။
  • အရေးကြီးတာက သူများ ရေးထားတာကို ကူးချတာမျိုး မလုပ်ဖို့ပါပဲ။ မှီငြမ်း ကိုးကားရင်တော့ ရပါတယ်။ သို့မဟုတ် ပိုပြီး ပြည့်စုံကောင်းမွန်အောင် ရေးနိုင်တယ်ဆိုရင်လဲ အကြောင်းအရာ တူပေမယ့် ဖတ်တဲ့သူတွေ ပိုအကျိုးရှိလို့ ရေးသင့်ပါတယ်။
  • ကိုယ့်ကြောင့် သူတပါးထိခိုက် နစ်နာစေမယ့် ပိုစ့်မျိုးကိုလဲ မရေးသင့်ပါဘူး။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ စေတနာထားပြီး ကိုယ့် Blog ကို ၀င်ကြည့်တဲ့ သူတွေအတွက် တစ်ခုခု အကျိုးရှိအောင် ရေးကြဖို့ အကြံပြု တိုက်တွန်းချင်ပါတယ်။
(Blog နဲ့ပါတ်သက်ပြီး လုပ်ချင်တာလေးတွေ မလုပ်တတ်ရင် ကျွန်တော့်ဆီ မေးလ်ပို့ပြီး မေးနိုင်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေပေးပါမယ်။)

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...