Tuesday, February 17, 2009

Log in with free web user id & password (Bugmenot)

Account register လုပ်ပြီးမှ ၀င်ကြည့်လို့ (သို့) ဒေါင်းလုဒ်လုပ်လို့ရတဲ့ Website အများအပြားရှိပါတယ်။ တခါတလေကျတော့ဗျာ ကိုယ်က register လုပ်ထားရလောက်အောင် စိတ်မ၀င်စားမိဘူး။ ဒါပေမယ့် တစ်ခါလောက်ဖြစ်ဖြစ်တော့လဲ ၀င်ကြည့်ချင်လာတယ်၊ အဲလိုအခါမျိုးမှာ ဒီ Bugmenot add-on လေးက ကူညီဖြေရှင်း ပေးပါလိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်းတို့အနေနဲ့ register မလုပ်ပဲ ၀င်ကြည့်နိုင်ဖို့ Bugmenot add-on ကို အသုံးပြုနိုင်ဖို့ Firefox Browser ကို သုံးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Bugmenot ဟာ Firefox မှာ အလုပ်လုပ်တဲ့ Firefox add-on အမျိုးအစား ဖြစ်ပါတယ်။ 

 အသုံးပြုဖို့အတွက် Firefox add-on ကို ပထမဆုံး သွင်းရပါမယ်။ ဒီလို သွင်းဖို့အတွက် https://addons.mozilla.org/en-US/firefox/addons/policy/0/6349/42845 ကို Firefox browser အသုံးပြုပြီး သွားပါ။ ရောက်သွားရင် BugMeNot 2.1 အောက်မှာရှိတဲ့ Accept and Install ကို Click လုပ်ပါ။ ခဏစောင့်ပြီး Software installation box ပေါ်လာရင် Install Now ကို ကလစ်လုပ်လိုက်ပါက ဒေါင်းလုဒ်လုပ်ပြီး install လုပ်ပေးပါလိမ့်မယ်။ ပြီးသွားရင် firefox ကို restart လုပ်ဖို့ပြောတာတွေ့ရပါမယ်။ firefox restart လုပ်ပြီး ပြန်ပွင့်လာရင် စသုံးလို့ရပါပြီ။ ကိုယ် Login ၀င်ချင်တဲ့ Site ကို သွားပြီး User name(ID) (သို့) Password နေရာကို Right Click လုပ်ကြည့်ပါက အောက်ဆုံးနားမှာ Login with BugMeNot ဆိုတာကို Click လုပ်ရွေးပေးရင် အလိုလို user name နဲ့ password ကိုဖြည့်ပေးပြီး ၀င်ပေးတာ တွေ့ရပါလိမ့်မယ်။ (မှတ်ချက် - Gmail, live mail, yahoo စတဲ့ တစ်ချို့သော site များ သုံးလို့မရပါ) သုံးလို့မရသော ဆိုဒ်များလဲ အများအပြားရှိပေမယ့် များသောအားဖြင့် အလုပ်ဖြစ်ပါတယ်။ မရရင်တော့ No account for this site. စာတမ်းကို တွေ့ရမှာပါ။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...