Monday, February 9, 2009

Antivirus နဲ့ ကျွန်တော် (၂)

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ နေ့စဉ်နဲ့အမျှ Virus ပြဿနာတွေနဲ့ ကြုံကြရပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းအများအပြားရှိပါတယ်။ ဒါပေမယ့်ဗျာ ဘယ်ပြဿနာကိုမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် ထားတာက ပိုကောင်းပါတယ်။ Virus တွေ ကိုယ့်စက်ထဲ မ၀င်နိုင်အောင် ကာကွယ်ဖို့က Anti-virus ပရိုဂရမ် တစ်မျိုးမျိုးကို အသုံးပြုရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ 2008 အစောပိုင်းလောက်က Avast anti-virus နဲ့ AVG anti-virus တွေကို နှစ်မျိုးလုံးထည့်ပြီး သုံးပါတယ်။ တခြားသူတွေ တော်တော်များများလဲ ကျွန်တော့လို သုံးကြတာတွေ့ရပါတယ်။ အဲဒီအချိန်မှန် Kaspersky anti-virus, Bitdefender, Norton စတာတွေကိုလည်း သုံးကြပါတယ်။ အဲလို သုံးလာလိုက်တာ anti-virus က Virus တွေကို ရှင်းနိုင်တာရှိသလို မသိပဲ စက်ထဲဝင်သွားတာတွေ၊ ၀င်းဒိုးပြန်တင်ရတဲ့အထိ ပြန်လုပ်ရတာတွေ ကြုံတွေ့ရပါတယ်။ နောက်ပိုင်းမှာ ဘာဖြစ်လာသလဲဆိုတော့ လိုင်စင် ပြဿနာတွေကိုလည်း ကြုံတွေလာရပါတယ်။ anti-virus ထုတ်လုပ်သူတွေက သူတို့ ဆော့ဖ်ဝဲတွေကို ခိုးသုံးလို့မရအောင် ကာကွယ်လာကြပါတယ်။ ဒီအချိန်မှာပဲ Kaspersky anti-virus, Bitdefender တို့ကို တရားဝင်လိုင်စင်နဲ့ ရောင်းချပေးလာတာကိုလဲ တွေ့ရတဲ့အတွက် ၀မ်းသာစရာပါ။ 
ကျွန်တော်ပြောချင်တဲ့ အပိုင်းကိုရောက်လာပါပြီ။ ကျွန်တော်က ကျွန်တော့် Blog ကို လာဖတ်တဲ့ ဘယ်သူ့ကိုမဆို ဆော့ဖ်ဝဲလေးတွေ အလကားသုံးလို့ရအောင် ကူညီပေးချင်တာပါ။ ဒါကြောင့် ဆော့ဖ်ဝဲကောင်းလေးတွေကို အလကားသုံးနိုင်အောင်၊ သိအောင်၊ နောက် သုံးဖို့ serial no. ရှာကြည့်ပေးပါတယ်။ အတော်များများ အဆင်ပြေတာတွေ့ရပေမယ့် Antivirus တွေမှာတော့ နောက်ပိုင်း အဆင်မပြေပါဘူး။ Black List serial key များကို updates နဲ့အတူ တွဲထည့်ပေးလိုက်လို့ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တရားဝင် လိုင်စင်ပေးတဲ့ promotion ဆိုဒ်တွေကို ရှာပေးပါတယ်။ ပရိုမိုးရှင်း လုပ်တာကတော့ ကာလ အကန့်အသတ်ရှိတဲ့အတွက် အမြဲတမ်း ယူလို့မရနိုင်ပါဘူး။ ဒီတော့ တစ်နည်း စဉ်းစားမိတာက Anti-virus Free Edition တွေ သုံးကြည့်ရင်ကောင်းမလားလို့ပါ။ ဒါဆို လိုင်စင်အတွက် ပြဿနာမရှိနိုင်တော့ဘူးပေါ့။ အဲဒီလိုမျိုး Free Edition သုံးကြည့်ချင်ရင် သုံးနိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ (၃)မျိုးကို အောက်မှာ Download link များ ဖော်ပြပေးလိုက်ပါတယ် -
        Anti-Virus & Anti-Spyware
        Protection against viruses, spyware, adware and identity-theft

1 comment:

ဒေါင်းမင်း said...

ကီပါစကိုင်းအလကားကောမရဘူးလား..
ဗိုင်းရပ်သတ်တာအဲဓီကီပါစကိုင်းကိုအကြိုက်ဆုံးပဲဟီး.
လောလောဆယ်အလကားပေးတာသုံးနေတာအခုတော့
ကုန်သွားပြီ..
AVG..အလကားရတာပဲသုံးတော့မယ်..
ကျေးဇူး

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...