Data file, audio file, video file, CD/DVD များ ကူးယူဖို့အတွက် Nero 9 လို စက်ထဲမှာ နေရာယူပြီး စက်အမြင့် မသုံးနိုင်သူများအတွက် ၀န်လေးစေတဲ့ Software မျိုးကို မသုံးလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အလုပ်ဖြစ်စေတဲ့ (ကိုယ်ကူးချင်တာကူးလို့ရတဲ့) Burning software မျိုးသုံးချင်သူတွေအတွက် Burning Mill Express ကို သုံးကြည့်သင့်ကြောင်း ညွှန်းပါရစေ။ Burning Mill Express ရဲ့ installer ဖိုင်ဟာ Size 3.57MB ပဲရှိတဲ့အတွက် ဒေါင်းလုဒ်ဆွဲဖို့ ခဏတာလောက်ပဲ အချိန်ပေးဖို့လိုပါမယ်။ install လုပ်ဖို့ကလဲ ဘာမှ ခက်ခဲရှုပ်ထွေးတာမျိုးမရှိပဲ freeware ဖြစ်တဲ့အတွက် register လုပ်နေစရာမလိုပါဘူး။ install လုပ်ပြီးတာနဲ့ တန်းပြီး သုံးလို့ရပါပြီ။ အခွေကူးတာအပြင် Erase disc, Fixate disc, Manage tracks စတဲ့ တခြားလုပ်နိုင်တာတွေလဲ ပါဝင်တာတွေ့ရပါတယ်။ ဒီလို စုံစုံလင်လင် သုံးလို့ရတဲ့ free software လေးကို မိတ်ဆွေတို့အားလုံး သုံးကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
1 comment:
ညီမတို့က အလကားရရင် ( ) တောင် သက်စေ့ယူတာမို့
သယ်သွားတယ်
Post a Comment