ကျွန်တော် ပထမဆုံးသုံးဖူးတဲ့ Anti-Virus ကတော့ ထုံးစံအတိုင်း လူတိုင်းသုံးဖူးတဲ့ Norton Anti-Virus ပါ။ Norton Anti-Virus 2003 ကနေ 2005 လောက်အထိ သုံးခဲ့ဖူးပါတယ်။ သူကပေးတဲ့ ဒုက္ခကိုလဲ ခံခဲ့ရဖူးပါတယ်။ အခုတော့ တခြား တခြားသော Anti-Virus တွေပ်ါလာလို့ အရင်လို Norton ကိုပဲ အားကိုးစရာ မလိုတော့ပါဘူး။ Anti-Virus အမျိုးမျိုးကို စမ်းသုံးကြည့်ခဲ့ပါတယ်။ အဲဒီအထဲက စိတ်တိုင်းကျမိတာကတော့ အများသဘောကျနေတဲ့ kaspersky မဟုတ်ပါဘူး။ Avast ပဲ ဖြစ်ပါတယ်။ သူပြီးရင်တော့ AVG ကို အနည်းငယ် ကြိုက်ပါတယ်။
အသစ်ထွက်တဲ့ AVG 8.0 နဲ့ ပတ်သက်လို့ အနည်းငယ်ပြောချင်ပါတယ်။ ထွက်တာ သိပ်မကြာသေးတော့ သေချာသုံးမကြည့်ရသေးပါဘူး။ နောက် လိုင်စင်နံပါတ်ကလဲ crack လုပ်ထားတာ မရှိသေးလို့ အစမ်း သုံးကြည့်လို့ပဲ ရပါသေးတယ်။ ဒါပေမယ့် AVG Anti-Spyware 7.5 ရဲ့ နံပါတ်ကို သွင်းတော့ လက်ခံတာကို တွေ့ရပါတယ်။ နောက်ပြီး update လုပ်ချိန်မှာလဲ နံပါတ်မှားနေကြောင်း၊ သုံးလို့မရကြောင်း အသိပေးစာ ပေါ်လာတာမျိုးမတွေ့ရပဲ လိုင်စင်သက်တမ်း 2009 ခုနှစ်အထိ သုံးလို့ရတာကို တွေ့ရလို့ အံ့သြမိပါတယ်။ သူ့မှာပါတဲ့ Anti-virus, anti-spyware, anti-rookit, update manager စတာတွေ အားလုံးလဲ သုံးလို့ရလို့ ဒီ serial no.နဲ့ အဆင်ပြေတယ်လို့ ယူဆမိပါတယ်။ အားလုံး download လုပ်ပြီး အလကား သုံးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ 75SP-TH1VD1-P09-C01-S30MUE-NNK-I1X8 ဖြစ်ပါတယ်။ download ယူရမယ့် လိပ်စာကတော့ ဒီနေရာမှာ Click လုပ်လိုက်ပါ။ အလိုလို ရောက်အောင်လုပ်ပေးထားပါတယ်။
No comments:
Post a Comment