Software တွေ အကြောင်း ရေးရာက အားပေးသူတွေအတွက် အကျိုှးရှိမယ့် ၀က်ဘ်ဆိုဒ်တွေ အကြောင်းကိုပါ ပြောချင်စိတ်ပေါ်လာလို့ ပထမဆုံးအနေနဲ့ online storage 50 GB အလားကားရတဲ့ adrive အကြောင်း အသိပေးရေးသား လိုက်ရပါတယ်။ 50 GB ဆိုတဲ့ ပမာဏဟာ ၀င်းဒိုးကောင်းကောင်း တင်လို့ရတဲ့ ဟဒ်ဒစ်စ် တစ်လုံးစာရှိပါတယ်။ ကိုယ့်ရဲ့ ဖိုင်တွေကို upload လုပ်ပြီး အင်တာနက်ရှိတဲ့ ဘယ်နေရာမှာမဆို ပြန်လည် download ရယူ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။ upload လုပ်ရာမှာတော့ Java program ကို install ပြုလုပ် ထားပြီးသားဖြစ်ရင် ပိုပြီးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကဲ adrive ကို လက်ငင်းသွားပြီး စမ်းကြည့်လိုက်ပါလားဗျာ။
No comments:
Post a Comment