Monday, March 31, 2008

avast! 4.8

avast! 4.8 released

ALWIL Software is pleased to announce the immediate release of avast! 4.8

antivirus, in both Home Edition and Professional Edition variants.

avast! antivirus 4.8 now has anti-spyware, anti-rootkit and strong self-protection, all built in to avast!, offering the best value anti-malware product you can buy.

Read the press release , or download avast! 4.8 now, or purchase a license for avast! Professional Edition.

Monday, March 24, 2008

ထာဝရမေတ္တာ

ထာဝရမေတ္တာ ဆိုလို့ ကောင်မလေးအကြောင်း ပြောတော့မယ်လို့ မထင်လိုက်နဲ့နော်။ Software အသစ်တွေ ကောင်းတာတွေ ပြောတာ များနေလို့ သည်တစ်ခါ တိုင်းရင်းဆေး ကောင်းကောင်းလေးတွေ ထုတ်လုပ်နေတဲ့ ထာဝရမေတ္တာဆေးတိုက် အကြောင်း ပြောပြချင်လို့ပါ။ တာမွေမြို့နယ် ၁၆၅လမ်းမှာ ရှိတဲ့ ထာဝရမေတ္တာ ဆေးတိုက်က အောက်မှာဖော်ပြထားတဲ့ တိုင်းရင်းဆေးစွမ်းကောင်းတွေ ထုတ်လုပ်ပြီး လူအများ ရောဂါ ကင်းဝေးစေဖို့ စေတနာအပြည့်နဲ့ ဆောင်ရွက်နေတဲ့အကြောင်း ပြောပြချင်ပါတယ်။ ထာဝရမေတ္တာက ထုတ်လုပ်တဲ့ ဆေးတွေဟာ စစ်မှန်တဲ့ တိုင်းရင်းဆေး ကုန်ကြမ်းတွေကနေ ယုံကြည်စိတ်ချပြီး သုံးစွဲနိုင်တဲ့ အစွမ်းထက် တိုင်းရင်းဆေးတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးတိုက်က ထုတ်တဲ့ ဆေးတွေကို သုံးကြည့်လိုက်ပါ။ နောက် ထိရောက်မှုရှိမရှိ လက်တွေ့သိတဲ့အခါ မသိသေးသူတွေကို လက်ဆင့်ကမ်း ပြောပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။
Htar Wara Myitta traditional medicine enterprise

Product List

- Shwe Htar Wara (heart tonic)
- Ayurthukha (avaleha)
- Wa Talone (stoke prevention medicine)
- Aung Thabyae (anti-hypertensive)
- Kan Zaw (external analgesic balm)
- Wone Daing (anti-rheumatics)
- Kin Sa Na (external paste)
- Analgesic powder (for joint pain)
- Htar Wara (digestive tablet)

48, 165th street, Tamwe township, Yangon, Myanmar.
Contact phone no. 01 548706, 01 554414, hp 0951 70400
e-mail ; tkwho@sailermoon.com


New Software (IE 8)

ပိုပိုပြီး ကောင်းလာတဲ့ အသစ် အသစ်သော Software တွေကို အမြဲတစေ လိုလားတောင့်တနေတဲ့ ကျွန်တော့်အဖို့ Internet Explore 8 beta ထွက်ပေါ်လာတာဟာ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ Software အသစ် တွေကို အမြဲ မျှော်လင့်တောင့်တနေရတဲ့ ကျွန်တော့်အတွက်တော့ အကောင်းဆုံး လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် IE 8 ကို install ပြုလုပ်ရာမှာ windows update နဲ့ ညိပြီး update ကို အရင် download လုပ် နေရလို့ မလိုလားအပ်ပဲ အချိန်တွေ ကြာနေတာကို တွေ့ရပါတယ်။ ဘယ်လောက်ကြာသလဲဆို အခုထိ မပြီးသေးဘူးဗျာ။ အသစ်လေးကို စမ်းချင်ပါတယ်ဆိုမှ။ အားလုံးလဲ ကျွန်တော့်လို စမ်းကြည့်ကြပါလား။ ကျွန်တော်ကတော့ သိပ်ပြီး စိတ်မရှည်ချင်သလို ဖြစ်လာတယ်ဗျာ။ အောင်မြင်သွားမှပဲ အတွေ့အကြုံကို ပြောပြတော့မယ်နော်။ အခုတော့ ဒီလောက်နဲ့ပဲ..................................။

Tuesday, March 11, 2008

50 GB free online storage

Software တွေ အကြောင်း ရေးရာက အားပေးသူတွေအတွက် အကျိုှးရှိမယ့် ၀က်ဘ်ဆိုဒ်တွေ အကြောင်းကိုပါ ပြောချင်စိတ်ပေါ်လာလို့ ပထမဆုံးအနေနဲ့ online storage 50 GB အလားကားရတဲ့ adrive အကြောင်း အသိပေးရေးသား လိုက်ရပါတယ်။ 50 GB ဆိုတဲ့ ပမာဏဟာ ၀င်းဒိုးကောင်းကောင်း တင်လို့ရတဲ့ ဟဒ်ဒစ်စ် တစ်လုံးစာရှိပါတယ်။ ကိုယ့်ရဲ့ ဖိုင်တွေကို upload လုပ်ပြီး အင်တာနက်ရှိတဲ့ ဘယ်နေရာမှာမဆို ပြန်လည် download ရယူ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။ upload လုပ်ရာမှာတော့ Java program ကို install ပြုလုပ် ထားပြီးသားဖြစ်ရင် ပိုပြီးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကဲ adrive ကို လက်ငင်းသွားပြီး စမ်းကြည့်လိုက်ပါလားဗျာ။

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...