ကျွန်တော့်ရဲ့ Blog ကို လာတဲ့သူတွေတော်တော်များများ Zawgyi Unicode လိုချင်လို့၊ Zawgyi Unicode နဲ့ ပတ်သက်ပြီး သိချင်လို့ ကျွန်တော့်ရဲ့ ပိုစ့်တစ်ခုဖြစ်တဲ့ ရောက်လာတာ အတော်များတာ တွေ့ရပါတယ်။ New Version of Zawgyi Unicode Font ပို့စ်ကို အတော်များများ လာဖတ်တာကို တွေ့နေရတယ်ဗျာ။ ဒါကြောင့် ဒီပို့စ်အသစ်ကို ထပ်ရေးဖြစ်တာပါ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းကရေးထားတာ၊ နောက်ပေးထားတဲ့ link တွေက date out နေပြီလို့ ပြောရမယ်။ zawgyi.net မှာ Wednesday, 09 January 2008 ကဖော်ပြထားတာကို ကျွန်တော် ဘလော့ဂ်ကိုလာတဲ့ သူငယ်ချင်း မိတ်ဆွေတွေ သိအောင် ဖော်ပြပေးထာတာပါ။ (စကားရှည်သလိုဖြစ်နေပြီနော်)
ပြောချင်တာက ခု လက်ရှိ latest သုံးနေတာက Alpha Zawgyi 2008 ဖြစ်ပါတယ်။ တစ်ခါတည်း install လုပ်ပြီး သုံးနိုင်အောင် လုပ်ပေးထားပါတယ်။ setting တွေ လုပ်ဖို့မလိုပါဘူး။ install လုပ်ပြီး restart တခါလုပ်ပြီးတာနဲ့ သုံးနိုင်ပါပြီ။ အသေးစိတ်ကို http://www.mandalayalpha.com/ မှာသွားကြည့်လို့လဲ ရပါတယ်။ ဒါပေမယ့် ခု 2009ခုနှစ်ဆိုတော့ အသစ်များ ထပ်ထွက်လာဦးမလားတော့မသိပါဘူး။
No comments:
Post a Comment