Tuesday, August 11, 2009

FreeRapid Downloader

sanchaung: အကိုရေ rapidshare.com က file လေးတွေ ဆွဲချင်တယ်၊ အဲဒါကို ဆွဲလို့ရတဲ့ software များ အကို့မှာ ရှိနိုင်မလား မသိဘူး။
ဟုတ်ကဲ့ပါ။ အဆင်ပြေနိုင်မယ့် Software လေးတစ်ခု ဖော်ပြ ပေးလိုက်ပါတယ်။ Rapidshare တင်မကပါဘူး။ တခြား ဖိုင် share ဆိုဒ် အတော်များများနဲ့ လည်း သုံးလို့ရတာ တွေ့ရပါတယ်။ Freeware ဖြစ်လို့ လိုင်စင် မလိုပါဘူး။ ဖိုင်တွေကို share ဆိုဒ်တွေက download ယူရာမှာ အချိန်စောင့်တာကအစ သူ့ဖာသာ လုပ်သွားတာ တွေ့ရပါတယ်။ နောက်ပြီး မရမချင်း ထပ်ကာ တလဲလဲ စောင့်ပေးပါတယ်။ သူ့ကို Run ထားဖို့တော့ လိုတာပေါ့ဗျာ။ စိတ်ကျေနပ်မှု ရလောက်မယ် ထင်ပါတယ်။ ကဲ စမ်းကြည့်လိုက်နော်။ ကျွန်တော်တော့ တကယ်စမ်းကြည့်တာ ကြိုက်သွားပြီ။ media fire တို့ Easy share တို့ တခြား တခြား ဟာတွေလဲ တကယ် အလုပ်ဖြစ်တယ်ဗျာ။ ခုထိ ကျွန်တော် ဖိုင် 5 ခုလောက် အောင်အောင်မြင်မြင် ယူပြီးသွားပြီ။ ခါတိုင်းဆို တနေ့ တခုတောင် မနည်းယူနေရတာလေ..........
တခုတော့ရှိတယ်ဗျို့... Java runtime တော့ ကိုယ့်စက်ထဲ ရှိနေဖို့ လိုပါလိမ့်မယ်။
CLICK TO DOWNLOAD

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...