Friday, July 3, 2009

Anti-Virus နဲ့ ကျွန်တော် (၅)

အခုတလောမှာ Virus ပြဿနာဖြစ်လို့ ကျွန်တော့်ကို အကြံ တောင်းတဲ့သူတွေ များတာတွေ့ရလို့ ဒီပိုစ့်ကို ရေးလိုက်ရပါတယ်။ ကျွန်တော် ရေးထားတာတွေက သိပြီးသူတွေလည်း တိုက်ဆိုင်မှု ရှိ မရှိ ကြည့်ရအောင်၊ မသိသေးသူတွေ အတွက်လည်း သိအောင် ရည်ရွယ်ပါတယ်။

Computer Virus ပြဿနာဆိုတာ လူတွေ ကျန်းမာရေး ပြဿနာ ဖြစ်သလိုမျိုးနဲ့ တူတယ်လို့ ပြောလို့ရပါတယ်။ ရောဂါပိုး မ၀င်အောင် လူတွေမှာ ကြိုတင်ကာကွယ်ဖို့ လိုအပ်သလို Computer တွေမှာလည်း လိုအပ်ပါတယ်။ လူတွေမှာ တကိုယ်ရည် သန့်ရှင်းဖို့ လိုသလို Computer တွေမှာလည်း လိုပါတယ်။

အဓိက ပြောချင်တာကဗျာ Virus ၀င်ကာမှ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစား အဖြေရှာပြီး လုပ်မယ့်အစား အစတည်းက မ၀င်အောင် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားဖို့ပါပဲ။

ဒီတော့ ဘယ်လိုလုပ်ထားကြရင် ကောင်းမလဲ။
ဒီနေရာမှာ ကျွန်တော် ဘာတွေ လုပ်ထားသလဲ ဆွေးနွေး ပေးပါမယ် (ကြော်ညာ ၀င်ခြင်း မဟုတ်ပါ)။ ကျွန်တော့် ကွန်ပျူတာအတွင်း အင်တာနက်မှ တဆင့် Virus မ၀င်နိုင်စေဖို့ AVG Internet Security ကို အသုံးပြု ကာကွယ် ထားပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ပေးဖို့ မလိုအပ်တာတွေ ရှင်းလင်း တံမြက်စည်းလှည်း စတာတွေ လုပ်ဆောင်ပေးတဲ့ Advance System Care pro ကို တာဝန် ပေးထားပါတယ်။ Auto run လုပ်ပြီး removal disk များမှာ တဆင့် ၀င်ရောက်လေ့ရှိတဲ့ Virus တွေကို ကာကွယ်ဖို့အတွက်တော့ Auto Run Virus Killer နဲ့ ESEC NOD 32 Antivirus ကို တာဝန် ပေးထားပါတယ်။ ခုချိန်ထိ သူများတွေ ကြုံတွေ့နေတဲ့ ဗိုင်းရပ်စ်ပြဿနာ ကြီးကြီးမားမား မတွေ့ရပါဘူး။ အဆင်ပြေ နေပါတယ်။ ဒါကြောင့် ကျွန်တော့်လိုမျိုး ကာကွယ်မှုတွေ လုပ်ထားဖို့ အားလုံးကို အကြံပေးလိုပါတယ်။
နောက်ထပ် ပြောလိုတာကတော့ နေမကောင်း မဖြစ်အောင် အနေအထိုင် ဆင်ခြင်သလိုမျိုးပဲ အင်တာနက် ချိတ်ထားတဲ့ စက်တွေမှာဆိုရင် တချို့ Web page တွေမှာ You Win တို့ Virus ၀င်နေလို့ Remove လုပ်ပစ်ဖို့တို့ အဲလို အယောင်ဆောင် message တွေ တွေ့ရတတ်ပါတယ်။ ဒါမျိုးကို ဂရုပြုဆင်ခြင်ပြီး အဲလို message တွေကို မနှိပ်မိ မထိမိဖို့ အရေးကြီးပါတယ်။ နောက်ပြီး ကွန်ပျူတာမှာ ဗိုင်းရပ်စ်ဝင်နေလို့ ရှင်းပစ်ဖို့ Anti-Virus 2009 ကို သွင်းပါဆိုတာမျိုးပေါ့။ သွင်းမိလို့ကတော့ ငါးပါးမှောက်သွားမှာ ဖြစ်ပါတယ်။ အဲလို အယောင်ဆောင်တွေကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့ သတိပြုစေလိုပါတယ်။ နောက်တမျိုးကတော့ သင်ဟာ Visitor 9999 ဖြစ်လို့ မဲပေါက်တယ် ဆိုတာမျိုးတွေပါပဲ။
တကယ်လို့ ဗိုင်းရပ်စ် ၀င်ခံရပြီဆိုရင် (ဥပမာ။ ဗိုင်းရပ်စ်ကြောင့် Windows မတက်တော့ပဲ Restart ပဲ ဖြစ်နေတာမျိုး) Windows Boot လုပ်စဉ်အတွင်း F8 ကိုနှိပ်ပြီး Safe Mode ဖြင့် တက်ရမှာပါ။ အဲဒီလိုမှ မတတ်တော့ဘူးဆိုရင်တော့ Windows Installer CD နဲ့ တက်ပြီး repair (or) reinstall လုပ်ရပါမယ်။ Save mode တက်လို့ရရင်တော့ ဆက်တက်မလား မတက်ပဲ restore လုပ်မလား မေးတဲ့ နေရာမှာ No ကို ရွေးပြီး System restore လုပ်ပြီး ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ Restore လုပ်ရမယ့် နေ့ရက်ကတော့ စက်ထဲ ဗိုင်းရပ်မ၀င်ခင် အနီးဆုံးနေ့ကို ရွေးပေးရပါမယ်။ ဒါဆို အဆင်ပြေပါလိမ့်မယ်။
ဗိုင်းရပ်စ် ကင်းရှင်းပြီး အဆင်ပြေကြပါစေဗျာ။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...