Wednesday, June 24, 2009

တောလည်ခရီးထွက်ရန် တောမြိုင်ဥယျာဉ် (သို့) Safari

တောလည် ခရီးထွက်ရန် အင်တာနက် တောမြိုင် ဥယျာဉ်အတွင်း အလည်တခေါက် ခေါ်ဆောင် ပေးသွားမယ့် Apple Safari ဖြစ်ပါတယ်။ Safari စာလုံးကို အဘိဓါန်မှာ ရှာကြည့်တော့ တောလည် ခရီးထွက်ရန် တောမြိုင် ဥယျာဉ်လို့ တွေ့ရတာကြောင့် ခုလို ရေးတာ ဖြစ်ပါတယ်။ Apple Safari ဆိုတာ Internet Web Browser ဖြစ်ပါတယ်။ အခု Version 4 အသစ် ထွက်လာတာဖြစ်ပြီး Internet Explore 8 နဲ့ Firefox 3 ထက် ၃ဆလောက် ပိုမြန်တယ်လို့ ဆိုထားပါတယ်။ လက်တွေ့သုံးကြည့်ရမှာ အဆင်ပြေတာ တွေ့ရပါတယ်။ တခုရှိတာက menu တွေ အတော်များများ ရှိမနေပဲ ကိုယ့်ဖာသာ options မှာ ပြန်ထည့်လို့ ရပါတယ်။ မလိုတာတွေလည်း ပြန်ဖြုတ်ထားလို့ ရပါတယ်။ တကယ်ကောင်းပြီး တကယ်မြန်တာကိုလဲ တွေ့ရလို့ သုံးချင်ရင် သုံးနိုင်အောင် ဖော်ပြ လိုက်ပါတယ်။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...