Thursday, June 4, 2009

Cbox မှ တောင်းဆိုမှု >>> How to convert PDF to Text

လွန်ခဲ့တဲ့ မေလ 25 ရက်နေ့က Cbox မှာ “ကိုဖြိုးရေ ..အကူအညီလေး တခုလောက် တောင်းပါရစေ..pdf ဖိုင်ထဲကစာတွေကို ဘယ်လို ကော်ပီကူးရသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ..” ရယ်လို့ ကိုသန့်စင်ဦးက မေးထားတာလေးကို ပြန်ဖြေပေးထားတာပါ။
ကိုသန့်စင်ဦးရေ ဖြေတာနောက်ကျလို့ စိတ်မရှိပါနဲ့လို့ အရင်ပြောချင်ပါတယ်။
ပထမဆုံး ပြောချင်တာကတော့ PDF ဆိုတာ Potable document format ကို ဆိုလိုတာ ဖြစ်ပါတယ်။ Online မှာ အလွယ်တကူ ဖတ်ရှုနိုင်ဖို့အတွက် ဖိုင်ဆိုဒ်သေးသေးနဲ့ တင်ပေးထားလို့ ရပါတယ်။ အဲဒီမှာ စောစောက မေးထားသလို PDF ဖိုင်ထဲက စာတွေကို ကူးလို့ရပါတယ်။ သို့ပေမယ့် နှစ်မျိုးရှိပါတယ်။
ပထမ တစ်မျိုးက Microsoft Word လိုမျိုး Document ဖိုင်ကနေ PDF ပြောင်းထားတဲ့ အမျိုးအစား ဖြစ်ပြီး အဲဒီလိုအမျိုးအစားအတွက် PDF ဖိုင်အတွင်း curser ချပြီး Copy/Paste လုပ်လို့ရပါတယ်။
နောက်တစ်မျိုးကတော့ Image file type (ie. Jpg, bmp, png etc……….) တွေကနေ ပြောင်းထားတာမျိုး (သို့) Scanner ကနေ ယူထားတဲ့ ဖိုင်မျိုးတွေ ဖြစ်ပါတယ်။ ဆိုလိုတာက ဥပမာပေါ့ဗျာ စာတွေရိုက်ထားတဲ့ စာရွက်တစ်ခုကို Scanner နဲ့ ဖတ်ပြီး PDF အဖြစ် Save လုပ်ထားတဲ့အထဲက စာတွေကို ကူးချင်တာမျိုးပေါ့။ အဲဒီအခါမှာ Software အသုံးပြုဖို့ လိုပါတယ်။ သုံးရမယ့် ဆော့ဖ်ဝဲ အမျိုးအစားကတော့ ORC ဖြစ်ပါတယ်။  ORC software အမျိုးအစားတွေဟာ များသောအားဖြင့် Scanner driver CD မှာ အသင့်ပါလာ တတ်ပါတယ်။ scansoft လို့လဲ သုံးနှုံးတာ တွေ့ရပါတယ်။ သုံးသင့်တဲ့ Software တမျိုးကတော့ OmniPage 16 ဖြစ်ပါတယ်။ သုံးကြည့်ချင်ရင် ဒီနေရာကို သွားပြီး Download ယူပါ။ Scan လုပ်ထားသော စာတွေ (သို့) image ဖိုင်အတွင်းမှ စာများကို ပုံအဖြစ်မှ text format အဖြစ် ပြောင်းပေးပါလိမ့်မယ်။ တခု သတိပြုရမှာက မြန်မာလိုတော့ နားမလည်ဘူးဆိုတာပါ။ အဆင်ပြေပါစေဗျာ။

Click to download link 1
Click to download link 2
မှတ်ချက် - ၁ခုသာ ယူရန်လိုပါသည်။ File size: 76.47 MB

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...