Thursday, June 11, 2009

Adobe Photoshop 7.0

ညီလေးThuHtat တောင်းဆိုထားတဲ့ Photoshop 7.0 ကို ရှာပေး လိုက်ပါတယ်။ ကိုယ်တိုင် တင်ပေးတာတော့ မဟုတ်ပါဘူး။ အကို့ဆီမှက Connection ကြောင့် 2MB လောက်တောင် တင်ပေးလို့ မရပါဘူး။ လေရှည်တယ် လို့တော့ မထင်ပါနဲ့နော်။ အကိုကလေ အကိုတို့ မြန်မာတွေ သူများ လူမျိုးတွေနောက် ကျန်နေခဲ့တာ မျိုးကို မလိုလားပါဘူး။ ခေတ်လူငယ်တွေ ခေတ်ရှေ့ မပြေးနိုင်ရင်တောင် ခေတ်နဲ့ အညီပဲ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်လဲ ခုလိုမျိုး ဆော့ဖ်ဝဲတွေ အသစ်သစ်တွေကို သိနိုင်အောင် သုံးနိုင်အောင် ပေးဖို့ ကြိုးစားနေတာပါ။ ဖြစ်နိုင်ရင် ရှာပေးတာမျိုး မဟုတ်ပဲ ကိုယ်တိုင် Hacking, Cracking လုပ်ပေးဖို့အထိ လုပ်ချင်ပါတယ်။ ကြိုးလဲ ကြိုးစားနေပါတယ်။ အားလုံးကိုလည်း ခေတ်နဲ့ တပြေးညီ ကြိုးစား စေလိုပါတယ်။ တခြားနေရာတွေ မဟုတ်တောင် ကွန်ပျူတာ နည်းပညာမှာတော့ အများနည်းတူ လိုက်နိုင်မယ်လို့ ယုံကြည်မိလို့ပါ။ တောင်းဆိုသူ ညီလေး တစ်ယောက်တည်းကို ပြောတာမဟုတ်ပဲ အကို့ဘလော့ကို ရောက်လာတဲ့ ညီငယ် ညီမငယ်များ နဲ့ အကို အမ မြန်မာလူမျိုးများ အားလုံးကို ရည်ညွှန်းပြီး တိုက်တွန်း လိုက်ရပါတယ်။
Click to download serial

မှတ်ချက်။ လင့်ပြန်ပြောင်းပေးထားပါတယ်။ အဆင်ပြေမပြေ ပြန်ပြောပေးပါ။ (15-6-2009)

3 comments:

Thu Htat Aung said...

အကိုတင်ပေးထားတဲ့ Adobe Photoshop 7.0
downloads link က part - 1 ရော part -2 ပါ
ကျွန်တော်စီမှာ Error တတ်နေပါတယ်
ဘာများဖြစ်လို့ လဲမသိဘူး တချက်ပြန်ကြည့်ပေးပါနော်
အကိုရဲ့စေတနာတွေကိုလည်းနားလည်ပါတယ်အရမ်းလဲကျေးဇူးတင်ပါတယ်...

ThuHtat

Thu Htat Aung said...

အဆင်ပြေသွားပါပြီ အကို အရမ်းကျေးဇူးတင်ပါတယ်
အချိန်ပေးပြီးကူညီတဲ့အတွတ်
အစဉ်မြဲရွှင်လန်းပါစေ...အကို..

Thu Htat Aung said...

အဆင်ပြေသွားပါပြီ အကို အရမ်းကျေးဇူးတင်ပါတယ်
အချိန်ပေးပြီးကူညီတဲ့အတွတ်
အစဉ်မြဲရွှင်လန်းပါစေ...အကို..

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...