Thursday, May 21, 2009

ကွန်ပျူတာပြဿနာ အဖြေရှာ (၃)

Dr.Web® for Windows အကြောင်းကို ကျွန်တော် မသိခဲ့ပါဘူး။ မနေ့ကတော့ ပျင်းပျင်းရှိတာနဲ့ လျှောက်သွားရင် Dr.Web® စာမျက်နှာကို ရောက်တော့ လေ့လာကြည့်ဖြစ်ပါတယ်။ အဲဒီမှာ အတော် အဖိုးတန်တာ တစ်ခုကို အမှတ်မထင် တွေ့လိုက်ရပါတယ်။
ပြန်ကောက်ရရင် ကွန်ပျူတာ ပြဿာန အဖြေရှာ (၂) တုန်းက Windows Live CD သုံးပြီး စက်မတက်တာနဲ့ တခြား (Virus) ပြဿနာတွေ ဖြေရှင်းပုံကို ပြောခဲ့ဖူးပါတယ်။ ခု Dr. Web ကတော့ Virus ပြဿနာကို ဖြေရှင်းပေးဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ Live CD ဖြစ်ပါတယ်။  Dr. Web Live CD ကနေ Boot လုပ်ပြီး ဗိုင်းရပ်စ်များကို Scan လုပ် ရှင်းလင်းပစ်လို့ရပါတယ်။ Live CD အသုံးပြုပြီး တက်နေစဉ်မှာ Network/ Internet နဲ့ချိတ်ဆက်လို့ ရတယ်လို့ ဆိုပါတယ်။ Firefox browser 3.0.5 ပါဝင်တာ တွေ့ရပြီး Mail ပို့ဖို့အတွက် Outlook Express လို ဆော့ဖ်ဝဲတစ်ခုလဲ အသင့်ပါဝင်ပြီး အခြား အသုံးတည့်မယ့် ဆော့ဖ်ဝဲများ ပါဝင်တာကြောင့် အဆင်ပြေ အသုံးတည့် လှပါတယ်။
သုံးနည်းကတော့ အောက်မှာပေးထားသော Download link မှ CD image ကို အရင် Download လုပ်ပါ။ ပြီးရင် ရလာတဲ့ .iso image ဖိုင်ကို အခွေရေးပါ။ (ဆိုဒ်သေးလို့ mini CD လောက်နဲ့လဲ ရေးလို့ရပါတယ်)။ ရေးလို့ရလာတဲ့ CD နဲ့ သုံးချင်တဲ့စက်ထဲကို ထည့်ပြီး Windows ကို Boot from CD နဲ့ တက်ဖို့ Bios setting မှာ first boot device ကို CD ပြောင်းပြီး boot လုပ်ရပါမယ်။ Boot လုပ်စဉ်မှာ အောက်မှာပြထားသလို တွေ့ရပါမယ်။

ရွေးနိုင်တဲ့ အနေအထား (၄)ခုကတော့ -
  • In order to use the scanner with the GUI choose Dr.Web LiveCD (Default)
  • If you’d like to start the scanner using the command line (console) select Dr.Web LiveCD (Safe Mode)
  • Choose Start Local HDD, if you want to boot from the hard drive instead of Dr.Web LiveCD
  • Select Testing Memory to launch the Memtest86+ utility 
စတာတွေဖြစ်ပြီး နှစ်သက်ရာရွေးလို့ရပါတယ်။
Dr.Web LiveCD (Default) ကိုရွေးခဲ့ရင်တော့ အောက်ကပုံအတိုင်း တက်လာတာတွေ့ရပါမယ်။













When the system is loaded, check disks or folders you want to scan and press Start
တက်လာပြီဆိုရင်တော့  ကိုယ်ကြိုက်တဲ့ Folder ကိုရွေးပြီး Scan လုပ်လို့ရပါပြီ။
 
 အသေးစိတ် ဆက်လေ့လာချင်ရင်တော့ ဒီနေရာကို သွားလိုက်ပါ။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...