Tuesday, January 13, 2009

Get your free ACDsee Photo Softwares

ACDsee ရယ်လို့ ဆိုလိုက်တာနဲ့ Image viewer ကို ပြေးမြင်လိုက်ကြမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီက ဆိုင်တော်တော်များများက စက်သစ်တစ်လုံးဆင်ရင်ပဲဖြစ်ဖြစ်၊ စက်အဟောင်းကို Windows ပြန်တင်ရင်ပဲဖြစ်ဖြစ် ACDsee ရဲ့ Image viewer ကို ထည့်သွင်းပေးလိုက် တတ်တာကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ACDseeမှ ပုံနဲ့ပါတ်သက်ပြီး တခြားအမျိုးအစားတွေလည်း ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ယေဘုယျအားဖြင့် software တွေကို For Home, For Pros, For Work ရယ်လို့ အပိုင်း(၃)ပိုင်း ခွဲခြားထုတ်လုပ်ပါတယ်။

For Home
အိမ်မှာအသုံးပြုသူတွေ (ဆိုလိုတာက အလုပ်သဘောမဟုတ်ပဲ home pc user များ)  အတွက် ထုတ်ထားတဲ့ software များကတော့ -
တို့ဖြစ်ပါတယ်။
 For Pros
ဓါတ်ပုံပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ပညာရှင်များအတွက် ထုတ်လုပ်ပေးထားတာကတော့ -
ဖြစ်ပါတယ်။

For Work
လုပ်ငန်းသုံးအတွက် ထုတ်လုပ်ပေးထားတာကတော့ -
ဖြစ်ပါတယ်။
 Canvas 11
ကျွန်တော် ပြောပြချင်တာ Canvas 11 အကြောင်းဖြစ်ပါတယ်။ တခြား ACDsee product တွေက ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားတွေပါ။ ဒါကြောင့် မရင်းနှီးသေးတဲ့ Canvas 11 ကို မိတ်ဆက်ပေးချင်တာပါ။
သူက ဘာနဲ့တူလဲဆိုတော့ဗျာ ... ကျွန်တော်တို့ဆီက ဂရပ်ဖစ်ဒီဇိုင်နာတွေ၊ DTP သမားတွေ သုံးလေ့ရှိကြတဲ့ Coral Draw, Adobe Illustrator စတဲ့ ပုံဆွဲတဲ့အပိုင်းကို အသားပေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကျွန်တော်သုံးကြည့်တာတော့ အဆင်ပြေတာ တွေ့ရပါတယ်။ တခြား အမျိုးအစားတွေ (photoshop)လို စက်လေးသွားတာမျိုး မတွေ့ရပါဘူး။ ပုံဆွဲဖို့အတွက် tools တွေကလည်း photoshop, coral draw, illustrator စတာတွေလိုပါပဲ။ အဲဒီဆော့ဖ်ဝဲတွေသုံးတတ်ရင် ဒါကိုလည်း သုံးလို့တတ်မှာပါ။ ကျွန်တော်ကတော့ ပိုလွယ်တယ်လို့တောင် ထင်မိပါတယ်။ အသင့်ပေးထားတဲ့ effect အများအပြားကလည်း ကျေနပ်စရာပါ။ ဒါကြောင့် ကျွန်တော့ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းများ စမ်းသုံးကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ (click here to download Canvas 11 build 1173)
System လိုအပ်ချက်တွေကတော့ -
  • Pentium® 4 or better
  • Microsoft® Windows® Vista™ or XP Home or Professional (with Service Pack 2 installed)
  • 512 MB RAM installed (1 GB RAM recommended)
  • 250 MB free hard disk space
  • 16-bit color or higher (True color recommended)
  • 1024x768 or higher screen resolution recommended
  • Mouse and keyboard. Scanner optional for importing graphics
  • Host of industry standard devices supported
  • CD-ROM drive. DVD drive to use Clipart library DVD
Install လုပ်ဖို့ လိုအပ်တဲ့ Serial စတာတွေအတွက် ကျွန်တော့်ထံ မေးလ်နဲ့ ဆက်သွယ် တောင်းယူနိုင်ပါတယ်။ အဆင်မပြေတာရှိလဲ မေးနိုင်ပါတယ်။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...