Thursday, February 7, 2008

National Herbal Park (Nay Pyi Taw), MYANMAR

နေပြည်တော်မှာ (၁၉၆.၄)ဧက ကျယ်ဝန်းတဲ့ နိုင်ငံတကာအဆင့်မီ အမျိုးသား ပရဆေးဥယျာဉ်ကို ဇန်န၀ါရီလအတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ ဌာနဆိုင်ရာအဖွဲ့အစည်းများ မည်သူမဆို ၀င်ကြည့်လို့ရပြီးတော့ အထဲမှာ ကျန်းမာရေးဝန်ကြီးဌာန၊ လည်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန တွေက စိုက်ထားတဲ့ ပြည်နယ်နဲ့ တိုင်း အသီးသီးမှာပေါက်တဲ့ ပရဆေးပင်တွေရှိပါတယ်။ ပြီးတော့ ၀န်ကြီးဌာနအလိုက် ပြခန်းငယ်တွေ လောလောဆယ်ပြထားပါတယ်။ နောက်ဆိုရင်တော့ နိုင်ငံတကာအဆင့်မီ ပြတိုက်ကြီး တည်ဆောက် ပြသမှာဖြစ်ကြောင်း သိရပါတယ်။ ပြီးတော့ နိုင်ငံတကာအဆင့်မီ တိုင်းရင်းဆေး ဓါတ်ခွဲခန်းကြီးတစ်ခုကိုလည်း တည်ဆောက်ပြီး မြန်မာ့ တိုင်းရင်းဆေးတွေ အရည်အသွေးတွေ ပိုကောင်းလာအောင် ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပရဆေးဥယျာဉ်ကြီးထဲမှာ ပရဆေးပင်တွေ အစုံအလင် စိုက်ပျိုး ပြသထားတဲ့အတွက် ပရဆေးပင်လေ့လာချင်တဲ့ သူတွေအတွက်တော့ အခန့်သင့်ပဲပေါ့ဗျာ။


No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...