Thursday, January 29, 2009

PDF Read (view) and Create without Adobe Acrobat Reader

Adobe Acrobat Reader ကိုမသုံးပဲ Portable Document Format (PDF) ဖိုင် (ebook) တွေဖတ်ရန်၊ နောက်ပြီး Document, Image, Presentation တွေကို Portable Document Format ပြောင်းလဲပြီး သုံးနိုင်ဖို့အတွက် ဆော့ဖ်ဝဲအမျိုးမျိုးရှိတဲ့အနက် အဆင်ပြေနိုင်မယ်လို့ ယူဆရတဲ့ Foxit Reader 3.0 နဲ့ PDFCreatorတို့ကို သူငယ်ချင်းတို့ သုံးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။  free software တွေဖြစ်လို့ သုံးကြည့်သင့်တယ်ထင်ပါတယ်။ ဘာကြောင့် Adobe Acrobat Readerကို မသုံးသလဲလို့မေးရင် သူက ဖိုင်ဆိုဒ်ကြီးတဲ့အတွက် စက်ထဲမှာ နေရာယူပါတယ်။ နောက် memory, CPU သုံးစွဲမှု များတဲ့အတွက် စက်လေးပါတယ်။ တော်ရုံစက်နဲ့ အဆင်မပြေပါဘူး။ ခုနောက်ပိုင်းကတော့ စက်အမြင့်တွေကို တော်တော်များများ သုံးလာကြတော့ ပြသနာတော့မရှိဖူးပေါ့လေ။ ဒါပေမယ့် ခုဖော်ပြထားတဲ့ ဆော့ဖ်ဝဲတွေကို စမ်းသုံးကြည့်စေလိုပါတယ်။ သုံးဖို့အတွက် ခက်ခဲတာရှိရင် ကျွန်တော်ကိုမေးပါလို့ပြောရင်း ......................
As a small and fast PDF viewer, Foxit Reader currently has over 50 million users all around the world. After keeping users waiting for almost two months, Foxit Reader 3.0 has been released and introduces many fascinating new features such as multimedia design and Foxit OnDemand Content Management. (Click here to download)
PDFCreator easily creates PDFs from any Windows program. Use it like a printer in Word, StarCalc or any other Windows application. (Click here to download)

Tuesday, January 27, 2009

Super Mario Forever

ကျွန်တော်တို့ ငယ်ငယ်တုန်း ကတည်းက နှစ်သက်စွာကစားခဲ့ကြတဲ့ စူပါမာရီရိုဂိမ်း ဖြစ်ပါတယ်။ ခု ပြန်ကစားတော့လည်း ကောင်းတုန်းဆိုတော့ သူငယ်ချင်းတို့လဲ ကစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ကစားရတာ နည်းနည်းတော့ ခက်တယ်ဗျ။ အရင် Family game နဲ့ တော်တော်လေးတူပေမယ့် မတူတာတွေ အများကြီးပါ။ နောက်ပြီး ခုန်ရတာ ခက်တယ်။  Zနဲ့ခုန်ပြီး Xနဲ့ ပစ်ဖို့ တော်တော်လေး လက်ကကြောင်နေတယ်။ freeware full version ဖြစ်ပါတယ်။ (click here to download) size 21.56 MB
Super Mario Forever is really a classic Mario remake. Once again you strap on your wrench and hardhat and guide the chubby plumber through many skillfully made levels. The diversity of the levels is very impressive. You will have to get through levels ranging from underwater caverns to levels filled with hot lava.
မှတ်ချက်(29-1-2009)။ Download ဆွဲဖို့ ပထမပေးထားတဲ့ လင့်အဆင်မပြေလို့ ခု ပြန်ချိန်းပေးထားပါတယ်။

Friday, January 23, 2009

Alpha Zawgyi Unicode System

 ကျွန်တော့်ရဲ့ Blog ကို လာတဲ့သူတွေတော်တော်များများ  Zawgyi Unicode လိုချင်လို့၊  Zawgyi Unicode နဲ့ ပတ်သက်ပြီး သိချင်လို့ ကျွန်တော့်ရဲ့ ပိုစ့်တစ်ခုဖြစ်တဲ့ ရောက်လာတာ အတော်များတာ တွေ့ရပါတယ်။ New Version of Zawgyi Unicode Font  ပို့စ်ကို အတော်များများ လာဖတ်တာကို တွေ့နေရတယ်ဗျာ။ ဒါကြောင့် ဒီပို့စ်အသစ်ကို ထပ်ရေးဖြစ်တာပါ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းကရေးထားတာ၊ နောက်ပေးထားတဲ့ link တွေက date out နေပြီလို့ ပြောရမယ်။ zawgyi.net မှာ Wednesday, 09 January 2008 ကဖော်ပြထားတာကို ကျွန်တော် ဘလော့ဂ်ကိုလာတဲ့ သူငယ်ချင်း မိတ်ဆွေတွေ သိအောင် ဖော်ပြပေးထာတာပါ။ (စကားရှည်သလိုဖြစ်နေပြီနော်)
ပြောချင်တာက ခု လက်ရှိ latest သုံးနေတာက Alpha Zawgyi 2008 ဖြစ်ပါတယ်။ တစ်ခါတည်း install လုပ်ပြီး သုံးနိုင်အောင် လုပ်ပေးထားပါတယ်။ setting တွေ လုပ်ဖို့မလိုပါဘူး။ install လုပ်ပြီး restart တခါလုပ်ပြီးတာနဲ့ သုံးနိုင်ပါပြီ။ အသေးစိတ်ကို http://www.mandalayalpha.com/ မှာသွားကြည့်လို့လဲ ရပါတယ်။ ဒါပေမယ့် ခု 2009ခုနှစ်ဆိုတော့ အသစ်များ ထပ်ထွက်လာဦးမလားတော့မသိပါဘူး။

Thursday, January 22, 2009

Download Free Full Version PC Game: Ocean Quest

ZUMA လို့ ပြောလိုက်တာနဲ့ ဘောလုံးလေးတွေကို ပစ်ပြီးကစားရတဲ့ ဂိမ်းမှန်း ကစားသူ တော်တော်များများ သိကြပါတယ်။ ဒီဂိမ်းလေးက ပေါ့ပါးပြီး လူတော်တော်များများ နှစ်သက်စွာကစားကြပါတယ်။ ခု ကျွန်တော် ဖော်ပြပေးထားတဲ့ ဂိမ်းလေးကလဲ ZUMA လို ဘောလုံးလေးတွေကို ပစ်ကစားရတာဖြစ်ပါတယ်။ Zuma ထက် သာတယ်လို့ပြောလို့ရတာတစ်ခုက သူက 3D ရုပ်ထွက် မြင်ကွင်းဖြစ်ပြီး ရေအောက်မှာ ကစားရသလိုဖြစ်ပါတယ်။ ပစ်လိုက်တဲ့ ဘောလုံးလေးရဲ့အရှိန်ကလဲ တစ်ခန်းနဲ့ တစ်ခန်းမတူပါဘူး။ နောက် ရေအောက်မှာ ဘောလုံးကို တကယ်ပစ်နေရသလို ခံစားမှုမျိုရရှိပါတယ်။ ဒါပေမယ့် အခန်း 6ခန်းသာ ကစားရတဲ့အတွက် နည်းတယ်လို့တော့ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကစားလို့ကောင်းတာတော့ အမှန်ပါ။
(Click here to download) File Size: 28 Mb

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...