Tuesday, January 19, 2021

ပြန်ရောက်ပြီဗျာ .. အားလုံးပဲ မင်္ဂလာပါ ..

 ကျွန်တော်ရဲ့ Blog ကို Windows PC သုံးစွဲသူတွေအတွက် Software အလွယ်တကူသုံးနိုင်ဖို့ တနေရာကနေ အကူအညီ ဖြစ်စေဖို့ရည်ရွယ်ပါတယ်။


၂၀၀၇ခုနှစ်က စတင်ခဲ့တဲ့ ကျွန်တော်ရဲ့ Blog ဟာ ကြားထဲမှာ မရေးဖြစ်ပဲ တော်တော်ကြာကြာ ရပ်ထားခဲ့လို့ ခုဆို Myanmar Unicode စနစ် တွင်ကျယ်လာချိန်မှာ အစောပိုင်းက Post အဟောင်းတွေက Zawgyi စနစ်နဲ့ ရေးထားတာ ဖြစ်သလို တချို့ Widgets တွေကလဲ Blogger Theme စနစ်သစ်နဲ့မကိုက်ညီတာတွေကို တဖြည်းဖြည်း ပြန်ပြင်သွားပေးပါမယ်။ အားလုံးမပြီးသေးခင်မှာ Post အဟောင်းတွေထဲက လိုချင်တာရှိရင် Chat Box မှာ ပြောထားပေးကြပါ။ Post အသစ် ပြန်တင်ပေးပါမယ်။


Post တင်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့တတွေ အသုံးဝင်ရုံတင်မဟုတ်ပဲ Crack တွေ Keygen တွေ Mod တွေ သုံးပြီး Free ရအောင်လုပ်ရတာဖြစ်တဲ့အတွက် အခန့်မသင့်လို့ အမှားလုပ်မိရင် ကိုယ့် PC ထဲ Virus ဝင်တာမျိုး ဖြစ်နိုင်လို့ အတတ်နိုင်ဆုံး အန္တရာယ်မရှိအောင် ကြိုးစား စိစစ်ပြီးမှ (ကိုယ်တိုင် သုံးနေကျ software မျိုးတွေ) Post တင်ပေးတာပါလို့.. အရင်ကရော အခုရောပေါ့ဗျာ။ Safe ဖြစ်အောင် တရားဝင် freeware မျိုးတွေကို ဦးစားပေး တင်သွားပေးပါမယ်။


လိုချင်တာရှိရင် Chat Box မှာ ရေးထားပေးခဲ့ကြပါ။ အဆင်ပြေကြပါစေ။

၂၀၂၁ နှစ်သစ်နဲ့အတူ ကိုဖြိုးရဲ့ Software မှတ်စုများ Blog ကို ပြန်လည် အသက်သွင်းလိုက်ပါပြီဗျာ။

No comments:

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...