Thursday, February 26, 2009

CyberLink Power DVD 8 Deluxe with Keygen

CyberLink Power DVD ရဲ့ latest version 8 Deluxe edition ဖြစ်ပါတယ်။ CyberLink Power DVD ကို Ultra, deluxe နဲ့ ရိုးရိုးဆိုပြီး 3မျိုး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အမျိုးအစားကို လိုက်ပြီး လုပ်ဆောင်နိုင်မှုနဲ့ ဈေးနှုန်း ကွာခြားတာကို တွေ့ရပါတယ်။ အသေးစိတ် ကြည့်ချင်ရင် ဒီနေရာကို သွားလိုက်ပါ။ 
CyberLink Power DVD 8 ကို download ပြုလုပ်ပြီးပါက  install လုပ်ရပါမယ်။ ထုံးစံအတိုင်း လုပ်ပြီးတော့ full version အဖြစ်သုံးနိုင်ဖို့ Keygen နဲ့ activate လုပ်ဖို့လိုပါတယ်။
(Click here to download Keygen)

Keygen နဲ့ activate လုပ်ပုံအဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် -
(တစ်ချက်သတိထားဖို့က Keygen ကို run ရင် Firewall တို့ Anti-Virus တို့ Spyware doctor တို့နဲ့ ငြိတတ်ပါတယ်)
ပထမဆုံး download လုပ်ထားတဲ့ keygen (ZIP file) ကိုဖွင့်ပါ။ အဲဒီထဲမှာ PowerDVD8.sim  ဆိုတဲ့ဖိုင်လေး ပါတာတွေ့ရပါမယ်။ အဲဒီဖိုင်ကို ကိုယ့် စက်ထဲက Program files\Cyberlink\PowerDVD8 ဖိုဒါ (Folder) ထဲကို ပုံမှာပြထားသလို winzip မှ extract လုပ်ရပါမယ်။ "Confirm File Overwrite " ပေါ်လာရင် Yes လုပ်လိုက်ပါ။




 
ပြီးရင် desktop မှာပေါ်လာတဲ့ CyberLink Power DVD 8 Icon ကို Click လုပ်ပြီး ဖွင့်ပါ။
ပြီးတာနဲ့ ပေါ်လာတဲ့ CyberLink Power DVD 8 Window ပေါ်မှာ ပုံမှာပြထားသလို Right click လုပ်ပြီး ပေါ်လာတဲ့ menu ထဲက Activate ကို ရွေးပါ။

 

Activation ပုံစံပေါ်လာရင် Download လုပ်ထားတဲ့ CyberLink_PowerDVD_Deluxe_v8.0.1531_Keymaker-CORE.zip ဖိုင်ထဲက Keygen .exe ကိုပုံမှာပြထားတဲ့အတိုင်းဖွင့်ပြီး serial generate လုပ်ပြီး Activation Key အကွက်ထဲကို copy/paste လုပ်ပြီး ဖြည့်ပေးလိုက်ပါ။ 


 

ဖြည့်ပြီးသွားရင် Activate button ကို click လုပ်ပြီးပါက activation လုပ်ငန်းပြီးဆုံးသွားတာ တွေ့ရပါမယ်။ internet connection ရှိနေဖို့မလိုပါဘူး။ offline လုပ်လို့ရပါတယ်။ ပြီးသွားရင် အောက်မှာပြထားသလို Power DVD 8 Deluxe ဆိုတဲ့ စာတမ်းလေး ပြေးနေတာတွေ့ရပါမယ်။ ဒါဆို သုံးလို့ရပါပြီ။ အဆင်မပြေတာရှိရင် Comment မှတဆင့် မေးမြန်းနိုင်ပါတယ်။


 

 

 

 

System Requirements

To play DVDs

Operating System

  • Windows XP or Windows Vista

Screen Resolution

  • 1024 x 768 or 1280 x 1024

Screen Ratio

  • 4:3 or 16:9 widescreen

Processor

  • Intel: Pentium 4 2.4 GHz (Pentium 4 3.0 GHz or above recommended)
  • AMD: Sempron 2600+ 1.6 GHz (Athlon 64 2800+ 1.8 GHz or above recommended

Sound Card

  • PCI sound card or on-board audio.

Memory

  • XP: 256 MB
  • Vista: 512 MB

Graphics Card

  • AGP or PCI Express graphic accelerator with DirectDraw Overlay Support

Optical Drive

  • DVD-ROM, DVD-ROM/CD-RW combo, DVD-R/RW, DVD+RW or DVD-RAM drive for playing VCDs and DVDs.

Internet Connection

  • Internet connection required for product activation and some upload/download features.

Wednesday, February 18, 2009

Microsoft Licensing Pack AIO

မိုက်ကရိုဆော့ဖ်မှ ၀င်းဒိုးများ၊ office software များရဲ့ လိုင်စင်နဲ့ ပတ်သက်တဲ့ software ပေါင်းစုံးပါဝင်ပါတယ်။ တစ်ခုသတိထားရမှာက ဒီဆော့ဝဲကို run တဲ့အခါ Anti virus တို့ firewall တို့နဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ သုံးသင့် မသင့်ကတော့ ကိုယ့်ဖာသာ ဆုံးဖြတ်ပေါ့ဗျာ။ ကျွန်တော်ကတော့ သုံးချင်သုံးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ File size: 5.06 MB
Anti-WPA, Generic Anti-WPA, License Viewer, MS keyfinder, MS Business NT, MS ISA Server. MS ISA Server ENT, MS Communicator, MS Office 2k3, MS Visual FOX
More...
Note: some antivirus might detect some trouble with one of the file in the AIO, please ignore it.

Burning Mill Express

Data file, audio file, video file, CD/DVD များ ကူးယူဖို့အတွက် Nero 9 လို စက်ထဲမှာ နေရာယူပြီး စက်အမြင့် မသုံးနိုင်သူများအတွက် ၀န်လေးစေတဲ့ Software မျိုးကို မသုံးလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အလုပ်ဖြစ်စေတဲ့ (ကိုယ်ကူးချင်တာကူးလို့ရတဲ့) Burning software မျိုးသုံးချင်သူတွေအတွက် Burning Mill Express ကို သုံးကြည့်သင့်ကြောင်း ညွှန်းပါရစေ။ Burning Mill Express ရဲ့ installer ဖိုင်ဟာ Size 3.57MB ပဲရှိတဲ့အတွက် ဒေါင်းလုဒ်ဆွဲဖို့ ခဏတာလောက်ပဲ အချိန်ပေးဖို့လိုပါမယ်။ install လုပ်ဖို့ကလဲ ဘာမှ ခက်ခဲရှုပ်ထွေးတာမျိုးမရှိပဲ freeware ဖြစ်တဲ့အတွက် register လုပ်နေစရာမလိုပါဘူး။ install လုပ်ပြီးတာနဲ့ တန်းပြီး သုံးလို့ရပါပြီ။ အခွေကူးတာအပြင် Erase disc, Fixate disc, Manage tracks စတဲ့ တခြားလုပ်နိုင်တာတွေလဲ ပါဝင်တာတွေ့ရပါတယ်။ ဒီလို စုံစုံလင်လင် သုံးလို့ရတဲ့ free software လေးကို မိတ်ဆွေတို့အားလုံး သုံးကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Tuesday, February 17, 2009

Log in with free web user id & password (Bugmenot)

Account register လုပ်ပြီးမှ ၀င်ကြည့်လို့ (သို့) ဒေါင်းလုဒ်လုပ်လို့ရတဲ့ Website အများအပြားရှိပါတယ်။ တခါတလေကျတော့ဗျာ ကိုယ်က register လုပ်ထားရလောက်အောင် စိတ်မ၀င်စားမိဘူး။ ဒါပေမယ့် တစ်ခါလောက်ဖြစ်ဖြစ်တော့လဲ ၀င်ကြည့်ချင်လာတယ်၊ အဲလိုအခါမျိုးမှာ ဒီ Bugmenot add-on လေးက ကူညီဖြေရှင်း ပေးပါလိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်းတို့အနေနဲ့ register မလုပ်ပဲ ၀င်ကြည့်နိုင်ဖို့ Bugmenot add-on ကို အသုံးပြုနိုင်ဖို့ Firefox Browser ကို သုံးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Bugmenot ဟာ Firefox မှာ အလုပ်လုပ်တဲ့ Firefox add-on အမျိုးအစား ဖြစ်ပါတယ်။ 

 အသုံးပြုဖို့အတွက် Firefox add-on ကို ပထမဆုံး သွင်းရပါမယ်။ ဒီလို သွင်းဖို့အတွက် https://addons.mozilla.org/en-US/firefox/addons/policy/0/6349/42845 ကို Firefox browser အသုံးပြုပြီး သွားပါ။ ရောက်သွားရင် BugMeNot 2.1 အောက်မှာရှိတဲ့ Accept and Install ကို Click လုပ်ပါ။ ခဏစောင့်ပြီး Software installation box ပေါ်လာရင် Install Now ကို ကလစ်လုပ်လိုက်ပါက ဒေါင်းလုဒ်လုပ်ပြီး install လုပ်ပေးပါလိမ့်မယ်။ ပြီးသွားရင် firefox ကို restart လုပ်ဖို့ပြောတာတွေ့ရပါမယ်။ firefox restart လုပ်ပြီး ပြန်ပွင့်လာရင် စသုံးလို့ရပါပြီ။ ကိုယ် Login ၀င်ချင်တဲ့ Site ကို သွားပြီး User name(ID) (သို့) Password နေရာကို Right Click လုပ်ကြည့်ပါက အောက်ဆုံးနားမှာ Login with BugMeNot ဆိုတာကို Click လုပ်ရွေးပေးရင် အလိုလို user name နဲ့ password ကိုဖြည့်ပေးပြီး ၀င်ပေးတာ တွေ့ရပါလိမ့်မယ်။ (မှတ်ချက် - Gmail, live mail, yahoo စတဲ့ တစ်ချို့သော site များ သုံးလို့မရပါ) သုံးလို့မရသော ဆိုဒ်များလဲ အများအပြားရှိပေမယ့် များသောအားဖြင့် အလုပ်ဖြစ်ပါတယ်။ မရရင်တော့ No account for this site. စာတမ်းကို တွေ့ရမှာပါ။

Monday, February 9, 2009

Antivirus နဲ့ ကျွန်တော် (၂)

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ နေ့စဉ်နဲ့အမျှ Virus ပြဿနာတွေနဲ့ ကြုံကြရပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းအများအပြားရှိပါတယ်။ ဒါပေမယ့်ဗျာ ဘယ်ပြဿနာကိုမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် ထားတာက ပိုကောင်းပါတယ်။ Virus တွေ ကိုယ့်စက်ထဲ မ၀င်နိုင်အောင် ကာကွယ်ဖို့က Anti-virus ပရိုဂရမ် တစ်မျိုးမျိုးကို အသုံးပြုရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ 2008 အစောပိုင်းလောက်က Avast anti-virus နဲ့ AVG anti-virus တွေကို နှစ်မျိုးလုံးထည့်ပြီး သုံးပါတယ်။ တခြားသူတွေ တော်တော်များများလဲ ကျွန်တော့လို သုံးကြတာတွေ့ရပါတယ်။ အဲဒီအချိန်မှန် Kaspersky anti-virus, Bitdefender, Norton စတာတွေကိုလည်း သုံးကြပါတယ်။ အဲလို သုံးလာလိုက်တာ anti-virus က Virus တွေကို ရှင်းနိုင်တာရှိသလို မသိပဲ စက်ထဲဝင်သွားတာတွေ၊ ၀င်းဒိုးပြန်တင်ရတဲ့အထိ ပြန်လုပ်ရတာတွေ ကြုံတွေ့ရပါတယ်။ နောက်ပိုင်းမှာ ဘာဖြစ်လာသလဲဆိုတော့ လိုင်စင် ပြဿနာတွေကိုလည်း ကြုံတွေလာရပါတယ်။ anti-virus ထုတ်လုပ်သူတွေက သူတို့ ဆော့ဖ်ဝဲတွေကို ခိုးသုံးလို့မရအောင် ကာကွယ်လာကြပါတယ်။ ဒီအချိန်မှာပဲ Kaspersky anti-virus, Bitdefender တို့ကို တရားဝင်လိုင်စင်နဲ့ ရောင်းချပေးလာတာကိုလဲ တွေ့ရတဲ့အတွက် ၀မ်းသာစရာပါ။ 
ကျွန်တော်ပြောချင်တဲ့ အပိုင်းကိုရောက်လာပါပြီ။ ကျွန်တော်က ကျွန်တော့် Blog ကို လာဖတ်တဲ့ ဘယ်သူ့ကိုမဆို ဆော့ဖ်ဝဲလေးတွေ အလကားသုံးလို့ရအောင် ကူညီပေးချင်တာပါ။ ဒါကြောင့် ဆော့ဖ်ဝဲကောင်းလေးတွေကို အလကားသုံးနိုင်အောင်၊ သိအောင်၊ နောက် သုံးဖို့ serial no. ရှာကြည့်ပေးပါတယ်။ အတော်များများ အဆင်ပြေတာတွေ့ရပေမယ့် Antivirus တွေမှာတော့ နောက်ပိုင်း အဆင်မပြေပါဘူး။ Black List serial key များကို updates နဲ့အတူ တွဲထည့်ပေးလိုက်လို့ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တရားဝင် လိုင်စင်ပေးတဲ့ promotion ဆိုဒ်တွေကို ရှာပေးပါတယ်။ ပရိုမိုးရှင်း လုပ်တာကတော့ ကာလ အကန့်အသတ်ရှိတဲ့အတွက် အမြဲတမ်း ယူလို့မရနိုင်ပါဘူး။ ဒီတော့ တစ်နည်း စဉ်းစားမိတာက Anti-virus Free Edition တွေ သုံးကြည့်ရင်ကောင်းမလားလို့ပါ။ ဒါဆို လိုင်စင်အတွက် ပြဿနာမရှိနိုင်တော့ဘူးပေါ့။ အဲဒီလိုမျိုး Free Edition သုံးကြည့်ချင်ရင် သုံးနိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ (၃)မျိုးကို အောက်မှာ Download link များ ဖော်ပြပေးလိုက်ပါတယ် -
        Anti-Virus & Anti-Spyware
        Protection against viruses, spyware, adware and identity-theft

Windows Movie Maker 2021 Full Version (Fix)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဟိုတုန်းက Computer အခြေခံသင်တန်း (Windows 95 or something Course) တို့ဘာတို့ သင်ကြတဲ့အခါ ခုတင်ပေးထားတဲ့ Window...